ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်း ထုတ်ခံ လိုက်ရ တဲ့ အယောက်(၂၀)စာရင်း ထဲမှာ ထပ်မံ ပါဝင် လာတဲ့ အေးမြတ်သူ…..

Posted on

ပရိတ်သတ်ကြီးရေ အခုလက် တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေ ကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာ ပဲဖြစ်ပါတယ်နော်…။

ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ အပါအဝင် သီဟထွန်း၊ အောင်ခန့်မှူး၊ ရီမွန်ခိုင်၊ ပေါက်စီ၊ယမင်းရွှေရည်၊ မှူးသက်အောင်၊ သိဂီ၊ ထွန်းနိုင်လင်း၊ မျိုးမင်းသိုက်၊ အိမ့်မျက်ချယ်၊ ကျော်ကျော်မင်းလှိုင်၊ သန်းထက်မန်း၊ စန္ဒာလမင်းထွန်း၊အောင်သက်ပိုင်၊ နိုင်စစ်အောင်၊ ဟန်ထူးဇော်ဇာနည်ကျော် ဟေမာစိုးနှင့် ကျော်သူလင်းတို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန် ကြေညာသွားပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ ကတော့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ဒါ့အပြင်သူမရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်း အချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

ဒီရက်ပိုင်းအတွင်းမှာလည်း နာမည်ကြီး အနုပညာ ရှင် တွေဖြစ်တဲ့ ပြေတီဦး ရဲတိုက်၊ပိုင်တံခွန်၊ ဇာဂနာ၊ ဝင်းမင်းသန်း အိန္ဒြာကျော်ဇင် တို့လည်း ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရကာ သရုပ်ဆောင်ဇင်ဝိုင်း နှင့် အဆိုတော်ပိုပိုတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီပဲဖြစ်ပါတယ်။

တကယ့်နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်း ထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရတဲ့ အနုပညာရှင်တွေရဲ့ စာရင်းကို နေ့စဉ်ထုတ်ပြန်လျက်ရှိရာ ဒီကနေ့မှာတော့ ရုပ်ရှင် သရုပ်ဆောင် အေးမြတ်သူလည်း ပါဝင်လာ တာဖြစ်ပါတယ်။

Credit : Famous Stars

Leave a Reply

Your email address will not be published. Required fields are marked *