ပိုင်တံခွန် နဲ့ အခြား ဖမ်းဆီးခံထားရသူတွေ ကို စာနာမိလို့ စိတ်ဓာတ် ကျတိုင်း အားတင်းထားရတဲ့ အကြောင်း ပြောလာတဲ့ HU GO

Posted on

လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာ ရရှိထား တဲ့ မော်လ်ဒယ် သရုပ်ဆောင် မင်းသားချော Hu Go ကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

Hu Go ကတော့ လတ်တလောမှာလည်း အရေးတော်ပုံကြီး အောင်မြင်ဖို့ အတွက် တတ်နိုင် သလောက် အားဖြည့်ပါဝင်နေပြီး အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျမယ် ကြံတိုင်း အားတင်းထားရတဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။

Hu Go ကတော့ စိတ်ဓာတ်ကျမယ်ကြံတိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပိုင်တံခွန်နဲ့ အခြားတန်ဖိုးရှိတဲ့အနုပညာရှင်တွေရဲ့ လက်ရှိအခြေအနေတွေကို စာနာမိတဲ့အကြောင်းတွေ ပြောပြထားတာ ဖြစ်ပါတယ်..။

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကို စာနာ အားနာ မိတဲ့ စိတ်နဲ့ သွေးမအေးသလို စိတ်ဓာတ် တောင် မကျရဲဘဲ ကြိုးစားအားတင်းထားရတာတွေကို စိတ်မကောင်းစွာ ပြောပြထားတာပါ..။

“ကျနော် စိတ်ဓာတ်မကျရဲဘူး!

စိတ်ဓာတ်ကျမယ်ဆိုတိုင်း

ကိုပိုင်တံခွန်နဲ့ အခြားတန်ဖိုး ရှိတဲ့

အနုပညာရှင်တွေရဲ့လက်ရှိ အခြေအနေကို

စာနာမိတယ်!

မတရားဖမ်းဆီးခံထားသူတွေအမြန်ဆုံး ပြန်လွတ်မြောက်ပါစေ🙏..” ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားတာ ဖြစ်ပါတယ်..။

Hu Go နဲ့ အတူ ပရိသတ်တွေကလည်း ဖမ်းဆီး အကျဉ်းချခံထားရတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ကြဖို့ အားလုံးက ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Hu Go’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *