နန်းမွေစံ ကတော့ ဆက်ဆီ model တစ်ဦးအဖြစ် ယောက်ျားလေး ပရိသတ် အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှနဲ့ ပုရိသတို့ရဲ့ စိတ်အာရုံကို ဖမ်းစားထားတဲ့ နန်းမွေစံက ခန္ဓာကိုယ်အလှအပအတွက် အသားအရည် ထိန်းသိမ်းတာ ၊ Gym ဆော့တာတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိန်းကလေး တစ်ယောက် မှာ ခန္ဓာကိုယ်လှဖို့ထက် စိတ်ထား လှဖို့ကလည်း အရေးကြီးတယ်လို့ သူမက ဆိုပါတယ်။
သူမကို ဆီလီကွန် ထည့်ထားတယ်ဆိုပြီး လူအချို့က ဝေဖန်ကြတဲ့အပေါ် နန်းမွေစံက အခု လို တုံ့ပြန်ပါတယ်။” ဒါကလည်း သူတို့ရွေးချယ်မှု နဲ့ သူတို့ပါပဲ။ မွေစံလည်း သိပ်မပြောချင်ဘူး။ မွေစံကတော့ အဲ့ဒါကို လုံးဝ မလုပ်ထားဘူး။ အဲ့ဒါက အရမ်းလိုအပ်တဲ့အရာလည်း မဟုတ်ဘူး။ မွေစံအဲ့ဒါကိုလည်း ရှက်တယ်။ အဲ့ဒါကြီးဖို့အတွက်နဲ့ အပင်ပန်းခံ ၊ ပိုက်ဆံတွေ အကုန် ခံပြီး မလုပ်ချင်ဘူး ” လို့ နန်းမွေစံက ဆိုပါတယ်။ကိုယ်တိုင်က ဆရာဝန် တစ်ယောက်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ဖြစ်တဲ့အကြောင်းကိုလည်း နန်းမွေစံကပြောပါတယ်။
” အဓိကကတော့ အစားအသောက်ကို ဆင်ခြင်တယ်။ မွေစံက သတ်သတ် လွတ်စားတယ်။ ပြီးတော့ အဆီ အဆိမ့်တွေလျှော့စားတယ်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ သတ်သတ်လွတ်ကတော့ အမြဲတမ်းလိုလိုစားဖြစ်ပါတယ် ” လို့ သူမက ဆိုပါတယ်။နန်းမွေစံ နဲ့ လတ်တလောမှာ ကြော်ငြာတွေရိုက်ကူးနေပြီး သူမရဲ့ ကိုယ်ပိုင် အင်္ကျီ brand ကိုလည်း ရောင်းချနေတယ် လို့ သိရပါတယ်။
crd