ပိုက်ဆံ မရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို လုံးဝ အခမဲ့ မီးဖွားပေးလို့ရပြီ

Posted on

ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ကို ပရိသတ်ကြီးတို့သိကြမှာပါ…

ခုချိန်မှာတော့ ဒေါ်ခင်ကြည်တစ်ယောက်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်ခင်ကြည်ဆေးရုံတို့ ဖွင့်လှစ်ပြီး ပြည်သူတွေကို အကျိုးပြုနေတာပဲ ဖြစ်ပါတယ်….

တကယ်လို့သာ ပရိသတ်ကြီးတို့ အနေနဲ့ရော မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ရော ကလေးမီးဖွားဖို့အတွက် ငွေကြေးမတတ်နိုင်တဲ့သူတွေများ ရှိခဲ့ရင် ဒေါ်ခင်ကြည်ဆေးရုံမှာ အခမဲ့သွားရောက် မီးဖွားနိုင်တဲ့အကြောင်းလေး မျှဝေလိုပါတယ်…

တနလာၤ ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ မနက် ၈နာရီ ကနေ ၁၁ နာရီအတွင်း ဗိုက်အသစ် ကြိုအပ်တာတွေ ဆေးရုံကလက်ခံတယ်လို့ သိရပါတယ်…ဒါ့အပြင် အဲဒီရက်နဲ့ အဲဒီအချိန်တွေမှာ မွေးလူနာတွေကိုလည်း လက်ခံဆောင်ရွက် ပေးနေတယ်လို့ ဆိုပါတယ်….

ငွေကြေးအခက်အခဲရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဒေါ်ခင်ကြည်ဆေးရုံမှာ အခမဲ့မီးဖွားလိုလျှင် လိပ်စာလေးကတော့ ငါးထပ်ကြီးဘုရားလမ်း၊

အလက(၁)ဗဟန်းကျောင်းအနီး၊ ဗိုလ်ချုပ်ပြတိုက်နား၊ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။ ဒီသတင်းလေးကို မျှဝေပေးခြင်းနဲ့ မီးဖွားဖို့အခက်အခဲဖြစ်နေကြတဲ့ မိခင်လောင်းတွေကို ကူညီလိုက်ကြရအောင်နော်….

HW (Shwe Yaung Lan)/U Zin Shwe

Leave a Reply

Your email address will not be published. Required fields are marked *