ပိုက်ဆံ ကုန် စရာ မလို တဲ့ စိတ် အပန်းဖြေ နည်း (၅) နည်း

Posted on

စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုတွေများတဲ့ ယနေ့ခေတ် ခေတ်သစ် လူနေမှုဘဝပုံစံတွေထဲမှာ စိတ်အပန်း ဖြေစရာ နည်းလမ်းတွေလည်း မျိုးစုံရှိလာပါ တယ်။ သို့ပေမယ့် ငွေကြေးကုန်ကျမှုပေါ်မူတည်ပြီး စိတ်အပန်းဖြေနည်းတွေကလည်း အမျိုးမျိုးကွဲပြား သွားပါတယ်။ တကယ်တော့ လူအ များစုမေ့ထားတာက ငွေကုန်ကျခံတဲ့အရာတွေကမှ စိတ်အပန်းပြေစေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါဆို ဘယ်လို နည်းလမ်းတွေနဲ့ ငွေမကုန် ပဲ စိတ်အပန်းဖြေလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) ရေပန်းအောက်မှာထိုင်ပါ

လေ့လာသူတွေရဲ့အကြံပြုချက်အရ ရေပန်းအောက်မှာ ထိုင်နေခြင်းက သင့်ကို အမှန်တကယ် စိတ်အပန်းပြေ စေပြီး တစ်နေ့တာအတွက်လို အပ်တဲ့ စွမ်းအင်တွေရစေတယ်လို့ ဆိုပါတယ်။ တချို့သော ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာထိုင်ပြီး ငိုနေတဲ့ ဇာတ်ရုပ်တွေ ကို ကြည့်ဖူးကြမှာပါ။ ရေပန်းအောက်မှာထိုင်နေခြင်းက စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းခြင်း တွေကို ပြေလျော့ စေ ပြီး စိတ်ပေါ့ ပါးစေ တာ ကြောင့်ဖြစ်ပါတယ်။

(၂) အခန်းကိုရှင်းလင်းပါ

သင့်အနီးနားပတ်ဝန်းကျင်ကအရာတွေက သင့်ရဲ့ စိတ်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ သင့်နေထိုင်တဲ့ အခန်းမှာ ရှုပ်ပွညစ်ပေနေမယ်ဆိုရင် သ င့် ရဲ့စိတ်ကလည်း ထို့နည်းတူ ရှုပ်ထွေးခြင်းတွေကို ခံစားနေရမှာပါ။ ကိုယ်အချိန်တော်တော်များများနေဖြစ်တဲ့ အိပ်ခန်း သို့မဟုတ် အိမ်ခန်း ကို သန့်ရှင်းသပ်ရပ်အောင်ထားခြင်းက သင့်ရဲ့စိတ် ကိုလည်း ကြည်လင်လန်းဆန်းစေပြီး စိတ်အပန်းပြေစေမှာဖြစ်ပါတယ်။

(၃) အချစ်ဆုံးတစ်ယောက်ကိုဖုန်းခေါ်ပါ

လူတိုင်းလူတိုင်းမှာ ဘဝရဲ့အချစ်ဆုံးဆိုတဲ့ သူငယ်ချင်းတွေ မိတ်ဆွေ တွေ မိသားစုဝင်တွေရှိကြပါတယ်။ သူတို့တွေက သင့်ရဲ့ စိတ်ပင်ပန်းမှု တွေ ကို ပြေလျော့စေပြီး စိတ်အပန်းပြေစေဖို့ ကူညီပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။ ဟုတ်ပါတယ် ခက်ခဲတဲ့တစ်နေ့ တာ ကို ကြုံ တွေ့ဖြတ်သန်းခဲ့ရတယ် စိတ်ပင်ပန်းမှုတွေများနေတယ်ဆိုရင် သင်ချစ်တဲ့သူ တစ်ယောက်ယောက်နဲ့ စကားပြောလိုက်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ စကားပြောပြီး ရယ်မောလိုက်တာက အကောင်းဆုံး စိတ်အပန်းပြေစေမယ့် နည်းလမ်းတစ်ခုပါပဲ။

(၄) သီချင်းနားထောင်ပါ

သီချင်းတွေက သင့်အတွက် အဖော်မွန်ကောင်း ဆိုလည်းဟုတ်သလို စိတ်စွမ်းအင်တွေကို ပေးစွမ်းတဲ့မိတ်ဆွေကောင်းတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ စိတ်ဓာတ်ကျအားငယ်နေချိန်မှာ သီချင်းတွေက သင့်ကိုစိတ်ဓာတ်ခွန်အားတွေပေးစွမ်း နိုင် ပါတယ်။ ပင်ပန်း နေ ချိန်မှာ အား အင် သစ်တစ်ခုပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ ဂန္ထဝင်သီချင်းတွေနားထောင်မှစိတ်အပန်းပြေစေတာမဟုတ်ပါဘူး။ သင်အကြိုက်ဆုံး သီချင်း တစ်ပုဒ်ကို ခေါင်းအေးအေးနဲ့ နားထောင်ခြင်း ကလည်း အကောင်းမွန်ဆုံး စိတ်အပန်းဖြေနည်းတစ်ခုပါပဲ။

(၅) ပြတင်းပေါက်အပြင်ကိုငေးကြည့်ပါ

စိတ်အပန်းပြေဖို့ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေပဲ ကြည့်နေတုန်းပဲလား။ ဒါဆိုရင်တော့ အခုပဲ လက်တော့ဖုန်းတွေပိတ်ပြီးအလင်းရောင်ကောင်း ကောင်းရတဲ့ ပြတင်းပေါက်ရှေ့ကို သွားလိုက်ပါ။ ပြတင်းပေါက်မှာထိုင်ပြီး အပြင်လောကရဲ့မြင်ကွင်းတွေကို မိနစ်အနည်း ငယ်လောက်ကြည့် လိုက်ပါ။ သဘာဝအလင်း ရောင်နဲ့ လတ်ဆတ် တဲ့လေထု နဲ့ထိ တွေ့လိုက်ပါ။ ဒါဟာ သင့်ရဲ့ စိတ်ကိုအကောင်းဆုံး အပန်းပြေစေတဲ့ နည်းလမ်း တစ်ခုပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *