ပိတောက်ပန်း တွေ အား ဘုရားပန်း အဖြစ် ကပ်လှူ ပူဇော်ကာ ပြည်သူတွေ ဘေးကင်း ဖို့ ဆုတောင်း ပေးနေတဲ့ ပိုပို

Posted on

အဆိုတော် ပိုပိုကတော့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစကတည်းမှစပြီး ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေရုံတင်မကဘဲ လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ ရပ်တည် နေကြတဲ့ ပြည်သူတွေ အတွက် သူငယ်ချင်းများနဲ့ စုပေါင်းကာစားစရာ၊သောက်စရာများလည်း လှူဒါန်း ခဲ့တာတွေကို မြင်တွေ့ခဲ့ကြရမှာပါနော်။

လက်ရှိမှာတော့ အခြေအနေ အရပ်ရပ်ကြောင့် ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း ပြည်သူတွေ နဲ့အတူတစ်သားတည်း ရှိကြောင်းကို ” သင်္ကြန်လည်းမပျော်ပါ

ဘာဆေးမှ မထိုးပါ

ပြည်သူတွေ ပျော်မှ ပျော်မယ်

ပြည်သူတွေ ဆေးထိုးမှ ထိုးမယ်

ပြည်သူ နဲ့အတူ

#popo ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ဝေမျှနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေစိတ်မပူစေရအောင်လို့လည်း ပိုပိုရဲ့Facebook Story တွင် ” စိတ်မပူကြပါနဲ့ စားလိုက် အိပ်လိုက်နဲ့ အဆင်ပြေနေပါတယ် ” ဆိုပြီး တင်ထားပါ သေးတယ်။

လောလောဆယ်တော့ ဘေးကင်းလုံခြုံတဲ့ နေရာတွင် နေနေပြီး သူမရဲ့ လှုပ်ရှားမှုတွေကိုတော့ တင်ပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိတောက်ပန်းတွေနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို တင်ထားတာပါ။ ဒါ့အပြင် ” ပိတောက်တွေရပြီမို့ စိတ်ချမ်းသာ☺️ ဘုရားပန်းအဖြစ် လှူလိုက် ပြီးပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်” ဆိုပြီး တင်ထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်။ တိမ်းရှောင်နေကြရတဲ့ အနုပညာရှင်များလည်း အစစအရာရာ ဂရုစိုက်ကြပါလို့လည်းမှာ ကြားလိုက်ပါရစေနော်။

Source and Photo Crd-Po Po’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *