ပရိသတ် တွေ မသိကြသေး တဲ့ ကလေး ဘဝတုန်းက ပြေတီဦး နဲ့ ပတ်သက်တဲ့ အဖြစ်အပျက် တစ်ခုကို ထုတ်ပြောပြ လိုက်တဲ့ ငွေတီဦး

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် ပြေတီဦး ကတော့ လက်ရှိ အင်းစိန်ထောင်ထဲ မှာ ရောက်ရှိ နေတာ ဖြစ်ပါတယ်နော်။ ပြေတီဦးရဲ့ မိဘများဟာ အသက်အရွယ် ကြီးမြင့်နေပြီ​ ဖြစ်တာကြောင့် သားအတွက် စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်နော်။ မနေ့က အူဝဲလွတ်လာပြီ ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် ကောလဟာလတွေသာ ဖြစ်တယ် လို့လည်း မိသားစုဝင်များမှ ပြန်ဖြေရှင်းထားတာပါနော်။ ပြေတီဦးတွင် အကြီးဆုံးအစ်မ ဆွီတီဦး နဲ့ အငယ်ဆုံး ညီမလေး ငွေတီဦး ဆိုပြီး ရှိပါသေးတယ်နော်။ ငွေတီဦး ကတော့ ပြေတီဦးရဲ့ ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြ လာပါပြီနော်။ သူတို့ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် အရမ်းချစ်ခဲ့ကြတာကိုလည်း ဖတ်ရှုပေးကြပါဦးနော်။

” ငယ်ငယ်တုန်းက သူဆုယူရင် ဘေးက လိုက်ပီး သူရတဲ့ဆုတွေ လိုက်သယ်ရတယ်..ကြီးတော့ သူ့ကို ပေးတဲ့ ပန်းတွေလိုက်သယ်ရပြန်ရော..မေမေ တစ်လတစ်ခါ ရန်ကုန်သွားရင် မေမေ့ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေကို သတိရမိတယ်..အဲ့တုန်းက ကိုယ်က သူငယ်တန် းတောင် မရောက်သေးတဲ့ လက်ဖက်မစား ကွမ်းမစား အပျော်တက်တုန်း..ဆရာကြီးရယ် ကိုကြီးမျက်နှာလေး ကြည့်ပါရစေဆိုပြီး သူ့အတန်းကို သွားချောင်း ခဲ့ရဘူးတယ်..သူကလည်း မေမေ့ကိုလွမ်းလို့ မျက်ရည်တွေတွေကျတော့..ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့..မေမေ့ကိုလွမ်းလို့ ဆိုတော့ မေမေသွားတာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်..ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့..

ညီမလေး ကိုတောင် ထားခဲ့တာ မင်းက ငိုနေစရာလားဆိုပီး ဇာတ်ပိုးကို ရိုက်လိုက်တာ နှဖူ းနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့ဒဏ်ရာရပါရော..ဒဏ်ရာနဲ့ပြန်လာတဲ့ သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့..ဒီလောက်တောင်လုပ်ရလားဆိုပီး ဆရာမကို စိတ်တိုတာပါ..ဘာရယ် မဟုတ်ဘူး..မန်မိုရီပြန်တက်လာတော့ ငယ်ငယ်တုန်းက အကြောင်းတွေခေါင်းထဲပြန်ရောက်လာလို့..” လို့ ငွေတီဦးမှ ရေးထားပါတယ် ပရိသတ်ကြီးရေ….

crd

Leave a Reply

Your email address will not be published. Required fields are marked *