အခုလက်ရှိ ထိပ်တန်း မင်းသမီး တစ်ယောက် အဖြစ် ရပ်တည် နေတဲ့ ဖွေးဖွေးရဲ့ ငယ်ဘ ဝအိပ်မက်ကတော့ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမဆယ်ကျော်သက်အရွယ်က Art Of Depression အဖွဲ့နဲ့ သီချင်းတွေသီဆိုခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖွေးဖွေးက သရုပ်ဆောင်ဘက် ကို ပိုမို လုပ်ကိုင်ဖြစ်ပြီး အခု ဆိုရင် တစ်နိုင်ငံလုံးက ချစ်ရတဲ့ အကယ်ဒမီသုံးဆုရှင် ဖွေးဖွေးရယ် လို့ ဖြစ်လာ ခဲ့တာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးရဲ့ ငယ်ဘဝအိပ်မက်လေး ကတော့က သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို Music Video အဖြစ် ရိုက်ကူးပြီး ပရိသတ်တွေဆီ ချပြချင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ အိပ်မက်လေးတစ်ခုကို အကောင်အထည်ဖော် လုပ်ဆောင်ရင်း Music Video လေးတစ်ပုဒ်ကို ချပြလာပါတယ်။ ဖွေးဖွေးက ထွန်းနောင်ဆင့် ရေးပေးပြီး သူမ ကိုယ်တိုင်သီဆိုထားတဲ့ “င့ါကမ္ဘာထဲ” သီချင်းလေးကို အခုလိုပဲ ပရိသတ်တွေဆီ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးရဲ့ သီချင်းလေး ကတော့ တစ်ယောက်တည်း ရှိနေချိန် တွေမှာ နားထောင်ရင်း ဆွေးလို့ကောင်းမယ့် သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ “င့ါကမ္ဘာထဲ” သီချင်း MV လေးကို ကြည့်ရှုခံစားရင်း ခံစားချက်တစ်စုံတစ်ရာရရှိစေမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Phway Phway’s fb
Bilie – Cele Connections