ပရိသတ် ဆိုတာထက် အစ်မ တစ်ယောက်လို ရင်းနှီးရတဲ့ သူ သေဆုံးတာ နဲ့ ပတ်သတ်ပြီး အမှတ်တရတွေ ကို ဝမ်းနည်းစွာ ပြောပြ လာတဲ့ ကောင်းမြတ်စံ

Posted on

ပရိသတ်ကြီးတို့ရေ…….စွဲဆောင်မှု ရှိတဲ့ အပြုံးတွေ နဲ့ ချစ်စရာကောင်းတဲ့ စကားပြော ဆိုဟန်တွေကို ပိုင်ဆိုင်ထားတဲ့ MRTV – 4 မင်းသားချောလေး ကောင်းမြတ်စံကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်။သူကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ယခု လက်ရှိ အခြေအနေ နဲ့ ပတ်သတ်ပြီး ဖေဖော်ဝါရီ ပထမ အပတ်က နေစကာ ပရိသတ်တွေ ပြည်သူတွေနဲ့ အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေ ထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာလည်း ကောင်းမြတ်စံဟာ ဆိုရှယ်မီဒီယာ ထက်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး နေ့စဥ်နဲ့ အမျှ speak out လုပ်နေတဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။နေ့စဥ်ရက်စက် အကြမ်းဖက်မှုတွေကြောင့် စိတ်ထိခိုက် နေရတဲ့ ကြားမှာ ပရိသတ်ဆိုတာထက် အစ်မ တစ်ယောက်လို ရင်းနှီးရတဲ့ သူ သေဆုံး သွားတာကြောင့် စိတ်မကောင်းဖြစ်နေရကာ ရှိခဲ့ဖူးတဲ့ အမှတ်တရ တွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

“ကျွန်တော့်ပွဲတွေဆို အမြဲလာချင်တာ သူ့ခြေထောက်မကောင်း လို့မလာရဘူး ဆိုပြီး အမြဲ စိတ်မကောင်း ဖြစ်ဖြစ်နေတာ…

ကျွန်တော်ဘာစားချင်လဲ အမြဲမေးပြီး ဟင်းတွေ ချက်ချက်ပြီး ပို့ပေးတာ ပရိသတ် ဆိုတာထက် အစ်မတစ်ယောက် လို တောင်ရင်းနှီးနေတာ .. သူ့ဆိုင်လေးဖွင့်တော့လဲ ကြုံရင်ဝင်လာလည်ပါ ဆိုပြီး အမြဲပြောနေတာ…. စိတ်ရင်းစေတနာတစ်ကယ်ကောင်းသော မမေယုကိုရေ နိဗ္ဗာန်မှာ ပျော်ပျော်နေပါ …….”ဆိုပြီး ဖော်ပြ လာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်…….”

Photo Crd – Kaung Myat San’ FB account

Leave a Reply

Your email address will not be published. Required fields are marked *