“ပရိသတ်တွေ အံ့သြမဆုံး ဖြစ်စေမယ့် ခပ်ဆန်ဆန်း လုပ်ရတာ ကို နှစ်သက်သူ ပတ်ထရစ်ရှာ ရဲ့ အမိုက်စား ဗီဒီယိုဖိုင်”

Posted on

အရုပ်မလေးတစ်ရုပ်လို လှပတဲ့ ကပြားမင်းသမီး ပတ်ထရစ်ရှာကို တော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပတ်ထရစ်ရှာကတော့ အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်တည်းက ဝင်ရောက်ခဲ့ပြီး မော်ဒယ် ဘဝကနေ စတင်ကာ အနုပညာလှုပ်ရှားမှုတွေကို စတင်ခဲ့ သူပဲဖြစ်ပါတယ်.။ “မကြွေပါနဲ့ ဆာကူရာ”ဇာတ်ကားကနေ စတင်ပြီး ပရိသတ်တွေရဲ့ သတိထားမှုတွေကို ရရှိကာ အားပေးမှုတွေကို ရရှိခဲ့သူပါ.။

ကပြားမလေးတစ်ယောက်မို့လို မြန်မာရုပ်ထက် နိုင်ငံခြားသူတစ်ယောက် တစ်လို လှပကာ အရုပ်မလေးလို အလှတွေကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ ပတ်ထရစ်ရှာက ခပ်ဆန်းဆန်း Tik Tok ဗီဒီယိုလေးတွေကို ဆော့ရတာကို နှစ်သက်ပြီး သူမဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးတွေ ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ.။ ဒီနေ့ မေလ (၂၇)ရက်နေ့မှာတော့ ပတ်ထရစ်ရှာက ခပ်မိုက်မိုက် ဝတ်စုံလေးတွေနဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို “Character Customization (Part 2) .TikTok • patriciasueshanaing” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

အမြဲတမ်း အဆန်းတွေကို လုပ်တတ်တဲ့ ပတ်ထရစ်ရှာကတော့ ဒီတစ်ခါ မှာ လည်း အမိုက်စားလေး လုပ်ချလိုက်ပြန်ပါပြီနော်..ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ပတ်ထရစ်ရှာရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်.။

Source: Sue Sha Naing’s FacebookSakura(Cele Connections)

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *