ကိုရီးယားမလေးလို ချစ်စရာကောင်း တဲ့ အသားအရေလေး ကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင် ထားတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ နန်းဆုဟာ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုလေးကို မတောင်းဘဲ ပြည့်ဝသူလေးဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ အမူအရာလေးတွေကို ချစ်မဝ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
သူမဟာ ကားရိုက်ကူးမှုတွေ သိပ်မရှိသေးဘဲ အဆိုပိုင်းကိုသာ ပိုမိုအားထုတ် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း သီချင်းကောင်းတွေကို အမြဲထုတ်ဝေနိုင်အောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း ပရိသတ်တွေ အထူး စိတ်ဝင်စားနေကြတဲ့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး နန်းဆု ရဲ့ Facebook Story မှာ ပုံလေး တစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ ပရိသတ်တွေအရမ်းသိချင်နေကြတဲ့ သူမရဲ့ ချစ်သူကောင်လေး ရဲ့ပုံကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ နန်းဆုတစ်ယောက် ချစ်သူပေးတဲ့ ပုံတူလက်ဆောင်လေးကို တစိမ့်စိမ့်ကြည့်ကာ ကြည်နူးမဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Nansu Yati Soe’s Facebook Account