ပရိသတ်တွေ အထင်အမြင် လွဲစေ ခဲ့တဲ့ ဖျော်ဖြေမှု ပုံရိပ်တွေ နဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းလာတဲ့ ရဲလေး

Posted on

သီချင်းတွေကို ကိုယ်တိုင် ဖန်တီးရေးသား သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့အဆိုတော် ရဲလေးပဲ ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်အား အရမ်းကို ရူးသွပ်လွန်းတာကြောင့် အခက်အခဲတွေများစွာ ကြားထဲကနေ အောင်မြင်လာအောင် ကြိုးစား ရုန်းကန်လာခဲ့ရသူ ဖြစ်ပါတယ်။ ပထမဆုံးသီဆိုတဲ့ ” ထိပ်ဆုံးမှာ အမေ” ဆိုတဲ့ သီချင်းကလည်း ယနေ့ချိန်ထိကို နားထောင်ကောင်းနေဆဲ ဖြစ်ပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် အနုပညာလောက ကနေ အချိန်အတော်ကြာ ပျောက်ကွယ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သီချင်းတွေ သီဆိုရင်းနဲ့ နောက်ထပ်တစ်ခါ ပြန်လည်အခြေချလာတာ ဖြစ်ပါတယ်။

သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလော မှာတော့ ရဲလေးနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ ပြန့်နေတာ ဖြစ်ပါတယ်။ ဒါကတော့ Club တစ်ခုတွင် သီချင်းသီဆိုနေတဲ့ ပုံရိပ်တွေကို ပြန်တင်ပြီး အခု လတ်တလောမှာ ဖျော်ဖြေနေတယ်ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ မနေ့ညက ရဲလေးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ” မိတ်ဆွေသူငယ်ချင်းတွေ လာပြောတာ များလာလို့ပါ။ ကျွန်တော်တော်ရုံဆို မပြောတတ်ပါဘူး မလိုအပ်တဲ့ အထင်လွဲမှုတွေ မဖြစ်စေချင်ပါဘူး။ ၂၀၁၉ တုန်းက ကျွန်တော့်သူငယ်ချင်းတွေ ခဏ ခေါ်လို့ရောက် သွားခဲ့တဲ့ Safe House ပါ ။

အဲ့ကတည်းကပထမဆုံးနဲ့နောက်ဆုံး ရောက်ခဲ့တယ်။ ပြန်ခါနီး ပရိသတ်တွေ နဲ့သူငယ်ချင်းတွေ တောင်းဆိုမှုနဲ့သီချင်းနှစ်ပုဒ်ဖျော်ဖြေခဲ့ရပါတယ်။ ဘာကြောင့် ၂၀၁၉ တုန်းက ပုံအဟောင်းနဲ့ နာမည်ဖျက်ရသလဲတော့ မသိပါဘူးခင်ဗျာ။ အဲ့တုန်းက သူငယ်ချင်းတွေ ပရိသတ်တွေ မိတ်ဆွေတွေအတွက် အကောင်းဆုံးတင်ဆက်ပေးခဲ့ပါတယ် ဒါပါပဲ ” ဆိုပြီး ပြန်ရှင်းပြထားတာ ဖြစ်ပါတယ်။ အခုလို မနာလိုသူတွေ လုပ်ကြံပြောဆိုနေကြတာတွေ ရှိနေတာကြောင့် သတိနဲ့နေထိုင်ဖို့ ပရိသတ်တွေက သတိပေး စကားတွေပြောထားကြတာ ဖြစ်ပါတယ်။ အခုလိုအချိန်တွေမှာ လူတိုင်းရဲ့စိတ်တွေက အတက်အကျအရမ်းမြန်လွန်းတာကြောင့် အနုပညာရှင်များနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မတင် ကြဖို့ တောင်းဆိုလိုက်ပါရစေနော်။

Source and Photo Crd-Ye Lay’s Facebook Page

zawgyi

သီခ်င္းေတြကို ကိုယ္တိုင္ ဖန္တီးေရးသား သီဆိုၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားသူကေတာ့အဆိုေတာ္ ရဲေလးပဲ ျဖစ္ပါတယ္။ သူကေတာ့ အႏုပညာအလုပ္အား အရမ္းကို ႐ူးသြပ္လြန္းတာေၾကာင့္ အခက္အခဲေတြမ်ားစြာ ၾကားထဲကေန ေအာင္ျမင္လာေအာင္ ႀကိဳးစား ႐ုန္းကန္လာခဲ့ရသူ ျဖစ္ပါတယ္။ ပထမဆုံးသီဆိုတဲ့ ” ထိပ္ဆုံးမွာ အေမ” ဆိုတဲ့ သီခ်င္းကလည္း ယေန႔ခ်ိန္ထိကို နားေထာင္ေကာင္းေနဆဲ ျဖစ္ပါတယ္။ အေျခအေန အရပ္ရပ္ေၾကာင့္ အႏုပညာေလာက ကေန အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ခဲ့ၿပီး လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကမွ သီခ်င္းေတြ သီဆိုရင္းနဲ႔ ေနာက္ထပ္တစ္ခါ ျပန္လည္အေျခခ်လာတာ ျဖစ္ပါတယ္။

သူ႔ရဲ႕လႈပ္ရွားမႈေတြတိုင္းကိုလည္း ပရိသတ္ေတြကို အၿမဲ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ လတ္တေလာ မွာေတာ့ ရဲေလးနဲ႔ပတ္သက္ၿပီး ေကာလဟာလသတင္းေတြ ျပန႔္ေနတာ ျဖစ္ပါတယ္။ ဒါကေတာ့ Club တစ္ခုတြင္ သီခ်င္းသီဆိုေနတဲ့ ပုံရိပ္ေတြကို ျပန္တင္ၿပီး အခု လတ္တေလာမွာ ေဖ်ာ္ေျဖေနတယ္ဆိုၿပီး ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။ မေန႔ညက ရဲေလးရဲ႕လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းထားတာ ျဖစ္ပါတယ္။ ” မိတ္ေဆြသူငယ္ခ်င္းေတြ လာေျပာတာ မ်ားလာလို႔ပါ။ ကြၽန္ေတာ္ေတာ္႐ုံဆို မေျပာတတ္ပါဘူး မလိုအပ္တဲ့ အထင္လြဲမႈေတြ မျဖစ္ေစခ်င္ပါဘူး။ ၂၀၁၉ တုန္းက ကြၽန္ေတာ့္သူငယ္ခ်င္းေတြ ခဏ ေခၚလို႔ေရာက္ သြားခဲ့တဲ့ Safe House ပါ ။

အဲ့ကတည္းကပထမဆုံးနဲ႔ေနာက္ဆုံး ေရာက္ခဲ့တယ္။ ျပန္ခါနီး ပရိသတ္ေတြ နဲ႔သူငယ္ခ်င္းေတြ ေတာင္းဆိုမႈနဲ႔သီခ်င္းႏွစ္ပုဒ္ေဖ်ာ္ေျဖခဲ့ရပါတယ္။ ဘာေၾကာင့္ ၂၀၁၉ တုန္းက ပုံအေဟာင္းနဲ႔ နာမည္ဖ်က္ရသလဲေတာ့ မသိပါဘူးခင္ဗ်ာ။ အဲ့တုန္းက သူငယ္ခ်င္းေတြ ပရိသတ္ေတြ မိတ္ေဆြေတြအတြက္ အေကာင္းဆုံးတင္ဆက္ေပးခဲ့ပါတယ္ ဒါပါပဲ ” ဆိုၿပီး ျပန္ရွင္းျပထားတာ ျဖစ္ပါတယ္။ အခုလို မနာလိုသူေတြ လုပ္ႀကံေျပာဆိုေနၾကတာေတြ ရွိေနတာေၾကာင့္ သတိနဲ႔ေနထိုင္ဖို႔ ပရိသတ္ေတြက သတိေပး စကားေတြေျပာထားၾကတာ ျဖစ္ပါတယ္။ အခုလိုအခ်ိန္ေတြမွာ လူတိုင္းရဲ႕စိတ္ေတြက အတက္အက်အရမ္းျမန္လြန္းတာေၾကာင့္ အႏုပညာရွင္မ်ားနဲ႔ ပတ္သက္ၿပီး သတင္းအမွားေတြ မတင္ ၾကဖို႔ ေတာင္းဆိုလိုက္ပါရေစေနာ္။

Source and Photo Crd-Ye Lay’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *