ပရိသတ်တွေ နဲ့ အတူတူ အလှူငွေများ မတည်ပြီး မော်လမြိုင် မြို့က ဆန္ဒပြ ပြည်သူတွေ အတွက် အအေးများ လှူဒါန်းမယ် ဆို တဲ့ ပိုးကြာဖြူခင်

Posted on

ဇာတ်လမ်းတွဲသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင် ကတော့ ပြည်သူတွေ အားပေးမှု နဲ့ နာမည်ရ ကျော်ကြားလာတဲ့ မင်းသမီးတစ်ယောက်ပီပီ လက်ရှိမြန်မာ့အရေး မှာလည်း ပြည်သူတွေ နဲ့ တစ်သွေးတည်း တသားတည်းရှိနေသူ တစ်ယောက် ဖြစ်ပါတ်ယ။ ပိုးကြာဖြူခင်က သူမ ကိုယ်တိုင်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေသလို ဆန္ဒပြကြတဲ့ မိဘပြည်သူတွေ အတွက်လည်း စားသောက်စရာ မုန့်ပဲသရေစာတွေနဲ့ နေ့စဉ်နေ့တိုင်း အလှူတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ပိုးကြာဖြူခင်က မော်လမြိုင်မြို့က ဆန္ဒ ထုတ်ဖော်နေကြတဲ့ ပြည်သူတွေ အတွက် အအေးဘူးတွေ လှူဒါန်းသွားမယ့်အကြောင်းကို “ဒီနေ့ မော်လမြိုင်မြို့ မှာ ကျမနဲ့ ကျမပရိတ်သာတ်များ မှ အလှူငွေ များ မတည်ပြီး အမှန်တရားအတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေကြသော မော်လမြိုင် သူ မော်လမြိုင်သားများအတွက် အမောပြေ အအေးဘူးများနှင့် ရေခဲထုပ်များ လှူဒါန်းပေးပါမယ်ရှင်🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေး ထားပါတယ်။

ပိုးကြာဖြူခင် ကတော့ သူမကိုယ်တိုင်က ရန်ကုန်မှာရှိနေပေမယ့် လက်လှမ်း မှီသလောက် မြို့လေးတွေမှာလည်း အလှူအတန်းတွေများစွာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေး ကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *