ပရိသတ်တွေ ဆီက မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာကို နှစ်ရှည် လများ ခံယူနိုင်ခဲ့တဲ့ အဓိက လျှို့ဝှက်ချက်ကို ဖွင့်ဟပြောပြလာတဲ့ ထက်ထက်မိုးဦး

Posted on

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးကတော့ တစ်ချိန်က ကြော်ငြာ၊ ပြက္ခဒိန် ဓာတ်ပုံ၊ မဂ္ဂဇင်း ကာဗာ၊ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိမှာလည်း နာမည်ကြီး လက်ဝတ်ရတနာ၊ အိမ်ခြံမြေ၊ ကား စတဲ့ တန်ဖိုးကြီးပစ္စည်းတွေအတွက် အွန်လိုင်းကနေ ရောင်းချပေးနေလျက်ရှိပါတယ်။ ဘာလေးပဲလုပ်လုပ် စေတနာမေတ္တာထားတဲ့ ထက်ထက်မိုးဦးက Online Live Sale ရောင်းချချိန်မှာလည်း ထင်မထားလောက်အောင် ပရိသတ်အားပေးမှုကို ရရှိခဲ့တာမို့ အနုပညာလောကသားအချင်းချင်းကပါ လေးစားအားကျနေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက သူမအနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို နှစ်ရှည် လများ ခံယူနိုင်ခဲ့တဲ့ အဓိကလျှို့ဝှက်ချက်ကို အခုလိုပဲ ပြောပြလာပါတယ်။ “အောင်မြင်ဖို့ လူသိအောင်လုပ်ဖို့ ကြိုးစားဖို့ လွယ်ပါတယ်။ အချစ်ခံရဖို့ ရေရှည်ခံဖို့မလွယ်တာကြောင့် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို အားလုံး အပေါ် မေတ္တာပဲ ထားပါတယ်။ အားလုံး အပေါ် မေတ္တာတွေပဲပေးပါတယ်” ဆိုပြီး အောင်မြင်ခြင်းရဲ့ သော့ချက်ကို ပြောပြလာပါတယ်။

နှစ်တွေအကြာကြီးတိုင် ပရိသတ်တွေရဲ့ အချစ်ကို စွဲစွဲမြဲမြဲရရှိဖို့ဆိုတာ တော်ရုံလူ အတွက် မလွယ်တဲ့ကိစ္စပါပဲ။ ထက်ထက်မိုးဦးတစ်ယောက် ပရိသတ်တွေရဲ့အချစ်ကို ဒီထက်မက ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi




Leave a Reply

Your email address will not be published. Required fields are marked *