ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားပြောရင်း ရုတ်တရက်သမီးလေး ပြောလိုက်တဲ့စကားလေးကြောင့် ချစ်မဝဖြစ်ခဲ့တဲ့ ဇူဇူးမောင်ရဲ့ ဗီဒီယို

Posted on

စကားဝဲဝဲပြောတတ်တဲ့ ချစ်စရာမင်းသမီးချောလေး ဇူဇူးမောင်ကိုတော့ ပရိသတ်တွေအားလုံးသိကြမယ်လို့ မျှော်လင့်မိပါတယ်။ ဇူဇူးမောင်က ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးထားပြီး အကောင်းဆုံးကြိုးစားမှုတွေကြောင့် အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အရင်ကလိုမျိုးအနုပညာအလုပ်တွေ လုပ်ကိုင်တာ နည်းပါးလာတာကိုလည်း တွေ့ရပါတယ်။

ဇူဇူးမောင်က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ သူမက အနုပညာအလုပ်တွေ လုပ်ကိုင်တာမတွေ့ရတော့ပေမဲ့လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် လှုပ်ရှားမှုလေးတွေဖော်ပြပေးပါတယ်။ ယခုမှာတော့ ဇူဇူးမောင်က ပရိသတ်တွေအချစ်ပိုစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ဇူဇူးမောင်က သူမရဲ့ သမီးကြီးလေးနဲ့အတူ ပရိသတ်တွေအတွက် နှစ်သစ်မင်္ဂလာစကားပြောကြားရင်း ရုတ်တရက် သမီးလေးပြောလိုက်တဲ့ စကားလေးကြောင့်အချစ်ပိုနေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဇူဇူးမောင်က ” နှစ်သစ်မှာ အစစအရာရာ အဆင်ပြေ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ပရိသတ်တွေလည်း ဇူဇူးမောင်တို့သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်းအရင်းမြစ်: VideoCredit & Source – ACE Fashion by Zu Zue Maung fb page

Leave a Reply

Your email address will not be published. Required fields are marked *