ပရိသတ်တွေကြား ဂယက်ထကာ ၂၀၂၀ နှစ် ကုန်ခါနီး မှာ အပြင်းအထန်ဝေဖန် မှတ်ချက် ပေးခံ နေရတဲ့ အနုပညာရှင်များ

Posted on

ပရိသတ်ကြီးရေ လတ်တလောမှာတော့ ၂၀၂၀ခုနှစ်အကုန် ဒီဇင်ဘာလကိုရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောနှစ် မကုန်ခင် ပရိသတ်တွေကြားမှာ ဂယက်ထကာ အပြောများခဲ့တဲ့ အနုပညာရှင်တွေများစွာရှိပါတယ်။ သူတို့ကတော့

ရွှေအိမ်စည်

ရွှေအိမ်စည်ကတော့ အမြဲ ဘယ်လောက် ဂယက်ထထ သူမကိုဘယ်လောက် ဝေဖန်ဝေဖန် ဂရုမစိုက်တတ်တဲ့ အလှမယ်မင်းသမီးတစ်ဦးပါပဲနော်။ ဒီရက်ပိုင်းအတွင်းမှာတော့ သူမအနေနဲ့ ရေကူးဝတ်စုံဝတ်ကာ အလှဓာတ်ပုံလေးတေံရိုက်ကူးခဲ့မှုကြောင့် သူမရဲ့ Instagramအထိ ဝေဖန်မှုတွေရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်စီကျလွန်းတဲ့ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်ကြောင့် ယောကျာ်းလေးပရိသတ် တစ်ချို့ကတော့ သဘောကျတဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။

နေခြည်ဦး

နေခြည်ဦးကတော့သူမဘာလုပ်လုပ် ကိစ္စအသေးလေး ကနေ ဂယက်အကြီးကြီထရဆဲ့အခြေအနေဖြစ်ပြီး သူမကတော့အမြဲလိမ္မာကားနပ်စွာ ဂယက်တွေကိုဖြတ်ကျော်တတ်တဲ့ မင်းသမီး၊Bloggerတစ်ယောက်ပါ။လက်ရှိမှာလည်း ပူပူနွေးနွေးဂယက်ထခဲ့တဲ့အရာကတော့ ပတ္တမြား လက်စွပ်ဝတ်ကာကားမောင်းနေတဲ့သူမရဲ့လက်ပုံလေးကို တင်ခဲ့တာကြောင့်ပဲ ဖြစ်ပါနယ်။ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးကိုရီးယားစီးရီးဒရမ်မာဇာတ်ကားတစ်ခုနဲ့ပတ်သက်ပြီး စနောက်ကာ Trollခဲ့ကြတာဖြစ်ပြီး ကိုရီးယာဒရမ်မာ စီးရီဇာတ်ကားတွေရဲ့ပရိသတ်တွေကြားမှာ အပြောအ များဆုံးဂယက်တစ်ခုဖြစ်ခဲ့တာပါ။

ခင်သဇင်

ခင်သဇင်ကတော့ အမြဲအေးဆေးနေတတ်ကာ ကိုယ်ခန္ဓာ လှပဖို့အတွက် workoutကို အမြဲဂရုတ စိုက်လုပ်လေ့ရှိပြီး ပရဟိတတွေကိုလည်းအမြဲလုပ်ကိုင်တတ်တဲ့မင်းသမီးတစ်ဦးပါ။ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့သူနကတော့ လတ်တလောမှာ အင်တာဗျူးတစ်ခုမှာ ဘုရာရှစ်ခိုးတာကြောင့် နောက်ဆုံးပေါ် Iphoneရရှိခဲ့ကြောင်းဖြေကြားခဲ့မှုကြောင့် ပရိသတ်တွေ ပါးစပ်ဖျားမှာ အပြောများဆုံး ဝေဖန်ချက်အမိားဆုံး သတင်းတစ်ခုအဖြစ် အပြောခံနေရတာပါ။

စည်ဖြိုး ၊ ခင်လွှမ်း

စည်ဖြိုးနဲ့ခင်လွှမ်းဟာဆိုရင်လည်းလတ်တလောမှာ ပူပူနွေးနွေး မင်္ဂလာဆောင်ထားခဲ့တဲ့ ကြင်စဦးဇနီးမောင်နှံဆိုတာ သိပြီးသားဖြစ်မှာပါ။ စည်ဖြိုးနဲ့ခင်လွှမ်းဟာဆိုရင်လည်းလတ်တလောမှာ ပရိသတ်တွေအပြောအများဆုံးစုံတွဲပါ လက်မထပ်ရသေးခင် ကိုယ်ဝန်ရတာကိုကြေညာခဲ့တာကြောင့်တစ်ချို့ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီးတစ်ချို့ကတော့ ဂုဏ်ပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ခုနောက်ပိုင်းမှာလည်း ကိုယ်ဝန်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေဆက်တိုက်တင်နေကြတာကြောင့် ပရိသတ်တွေ ကလည်း ဆက်တိုက် ဝေဖန်ချက်တွေပေးနေကြတာပါ။

ချမ်းချမ်း

ချမ်းချမ်းကတော့လတ်တလောမှာတော့ သူမအနေနဲ့ ဒုတိယ အမျိုးသားဖြစ်သူနဲ့ ရင်သွေးလေးလွယ်ထားရကြောင်း ပရိသတ်တွေကိုဖွင့်ဟလာခဲ့ပေမယ့် တစ်ချို့သောပရိသတ်တွေက အပြစ်တင် ဝေဖန်ခဲ့ကြကာ အပြောများဆုံးသတင်းတစ်ရပ်ဖြစ်ခဲ့တာပါ။လက်မထပ်ရသေးဘဲ ကလေးယူခဲ့တဲ့အပြင် သမီးလေးမျက်နှာမထောက်ဘူးဆိုတဲ့မှတ်ချက်များစွာနဲ့ ဂေဖန် ခံနေရဆဲပဲ ဖြစ်ပါတယ်။ သူမအနေနဲ့လည်း ထပ်မံပြီးဖြေရှင်းချက်တွေလည်းတင်နေဆဲပဲ ဖြစ်ပါတယ်။ပရိသတ်တွေကော ဘယ်ဂယက်တွေထဲမှာ ဝင်ရောက်ကာ မှတ်ချက်ပေးဝေဖန်ခဲ့ကြသေးလဲဆိုတာ ပြောခဲ့ပါဦးနော်။နောက်ခါတွေမှာလည်းဘယ်လိုဂယက်တွေဖြသ်နေလည်းဆိုတာကို စုစည်းဖော်ပြပေးမှာထြစ်တာကြောင့်pageလေးကို Like & Shareပြုလုပ်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *