ပရဟိတ လုပ်ရာတွင် ကိုယ် ကူညီ တဲ့ အလုပ်တိုင်း မှာ တာဝန် ကျေဖို့ လိုအပ် ကြောင်း ပြောလာ တဲ့ ထူးအယ်လင်း

Posted on

အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုနေသူကတော့ အဆိုတော် ထူးအယ်လင်းဖြစ်ပါတယ်။ သူကတော့ ဆယ်စုနှစ် နှစ်ခုတိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း သူသီဆိုတဲ့ သီချင်းဟောင်းတွေကို ယနေ့ ချိန်အထိ အားပေးနားဆင်နေကြဆဲ ဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ ပရဟိတလုပ်ငန်းတွေမှာလည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ထူးအယ်လင်းရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ လတ်တလော မှာတော့ နယ်မြို့တွေသို့ သွားရောက်ပြီး ဘုရားစေတီတွေတည်ကာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်နေတာပါ။

သူ့ရဲ့ လှူဒါန်းမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့် ပြန်လည်ဝေမျှပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ထူးအယ်လင်းရဲ့ Facebook အကောင့်တွင် ” ကိုယ်ကူညီတဲ့ အလုပ်တိုင်းမှာ တာဝန်ကျေပါစေ… ညီကိုတို့ 💪” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကိုထူးအယ်လင်းလည်း ဒီ့ထက်ပိုပြီး ပရဟိတအလုပ်တွေကို များစွာကူညီနိုင်ပါစေနော်။

Source and Photo Crd-Htoo El Lynn’s Facebook Account

zawgyi

အသံပါဝါအားေကာင္းေကာင္းနဲ႔ ေတးသီခ်င္း ေပါင္းမ်ားစြာကို သီဆိုေနသူကေတာ့ အဆိုေတာ္ ထူးအယ္လင္းျဖစ္ပါတယ္။ သူကေတာ့ ဆယ္စုႏွစ္ ႏွစ္ခုတိုင္ေအာင္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔ ဂီတေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ ကလည္း သူသီဆိုတဲ့ သီခ်င္းေဟာင္းေတြကို ယေန႔ ခ်ိန္အထိ အားေပးနားဆင္ေနၾကဆဲ ျဖစ္ပါတယ္။

ထူးအယ္လင္းကေတာ့ ပရဟိတလုပ္ငန္းေတြမွာလည္း ကိုယ္တတ္ႏိုင္တဲ့ ဘက္ကေန ကူညီေဆာင္႐ြက္ေပးေနသူ တစ္ဦးျဖစ္ပါတယ္။ အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးေနတဲ့ ထူးအယ္လင္းရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲ။ လတ္တေလာ မွာေတာ့ နယ္ၿမိဳ႕ေတြသို႔ သြားေရာက္ၿပီး ဘုရားေစတီေတြတည္ကာ ကုသိုလ္ ေကာင္းမႈေတြ ျပဳလုပ္ေနတာပါ။

သူ႔ရဲ႕ လႉဒါန္းမႈပုံရိပ္ေတြကိုလည္း ပရိသတ္ေတြသာဓုေခၚဆိုႏိုင္ေအာင္ လူမႈကြန္ယက္ စာမ်က္ႏွာမွ တစ္ဆင့္ ျပန္လည္ေဝမွ်ေပးေနတာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ထူးအယ္လင္းရဲ႕ Facebook အေကာင့္တြင္ ” ကိုယ္ကူညီတဲ့ အလုပ္တိုင္းမွာ တာဝန္ေက်ပါေစ… ညီကိုတို႔ 💪” ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။ ကိုထူးအယ္လင္းလည္း ဒီ့ထက္ပိုၿပီး ပရဟိတအလုပ္ေတြကို မ်ားစြာကူညီႏိုင္ပါေစေနာ္။

Source and Photo Crd-Htoo El Lynn’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *