ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေ ရဲ့ ဘဝမှာ မကြုံမစဖူး ကူညီလိုက်ရပြန်တဲ့ စိတ်မကောင်းစရာ ကလေးလေး

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေက တော့ ခိုင်မိသားစု ဂေဟာလေး ကို ဖွင့်ပြီး ပရ ဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါခိုကိုးရာမဲ့ ကလေးငယ်လေးတွေကို သွေးရင်း သားရင်းလိုပြုစုစောင့်ရှောက်ပြီး သူမဆီရောက်လာသမျှ ကလေး တိုင်းကို ကျန်းမာရေး ကအစ ဂရုတစိုက် အမြဲစောင့်ကြည့်ပေးခဲ့တာပါ

လတ်တလောမှာလည်း မနက်စောစောစီးစီး စိတ်မချမ်းသာစရာသတင်းတစ်ခုကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်.မွေးကာစ ကလေးတစ်ယောက်ကို ပစ်သွားပြီးကလေးက ကြွက် ကိုက်ခံထားရတဲ့အတွက် လက်မ တချောင်း နဲ့ လက်ညိုးတချောင်းပြတ်ကာ နှာခေါင်းပဲ့သွားတယ်လို့လည်းသိရပါတယ်

ခုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးထားပြီး လိုအပ်သလို ဆေးကုသမှုများ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးရေးသားခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့ ကံဆိုးရှာတဲ့ သားလေးအတွက် အမြန်ဆုံး ကျန်းမာဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ဆယ်လီကမ္ဘာပရိသတ်ကြီးကလည်း အစွန့်ပစ်ခံခဲ့ရတဲ့ သားငယ်လေး ရဲ့ကျန်းမာရေးကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေဖို့ ဆုတောင်းပေးကြပါဦးနော်

lapyophyunews

Leave a Reply

Your email address will not be published. Required fields are marked *