ပန်းသပိတ်လေး လုပ်တာတောင် ကြောက် ပြီး လိုက်ဖျက်ဆီး နေတဲ့ သူတွေကို အထိနာ သွားစေ မယ့် စကားလုံးတွေ နဲ့ ထိထိမိမိ သရော်လိုက်တဲ့ မေဦး

Posted on

မိတ်ကပ်ပညာရှင်မေဦး ကတော့ ဖေဖော်ဝါရီလ ကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်လာခဲ့တာက ယနေ့အချိန်အထိပဲ ဖြစ်ပါတယ် ။ မေဦးက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မေဦးက လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ပြည်သူတွေ အားမလျော့စေဖို့အတွက် အမြဲအားပေးနေတာလည်း ဖြစ်ပါတယ် ။

Free Burma Rangers အဖွဲ့နဲ့ လက်တွဲပြီး တောထဲမှာ လေ့ကျင့်ရေးသင်တန်းတက်နေတဲ့ မေဦးက တော်လှန်ရေးမှာ တာဝန်ကျေပွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ် ။ အခုလည်း မေဦးက ပန်းသပိတ်လေးလုပ်တာတောင် လိုက်ဖျက်ဆီးနေတဲ့သူတွေကို အထိနာအောင် ပြောလိုက်တာပဲ ဖြစ်ပါတယ် ။ မနေ့က ရန်ကုန်မြို့ရှိ နေရာတစ်ချို့မှာ ပန်းရောင်း၊ပန်းဝယ်လုပ်နေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေကြောင်း သတင်းတစ်ခု တက်လာခဲ့တာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်ပြီး မေဦးက “ပန်းသပိတ်နဲ့ ပန်းလေးတပွင့်တောင် ဒီလောက်ကြောက်နေရင် မြို့သိမ်းတိုက်ပွဲဆိုရင် ဘယ်လိုတွေဖြစ်မလဲ တွေးသာတွေးကြည့်လိုက်တော့”ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ် ။ ဒီလိုအချက်တွေကြောင့်ပဲ ရှုံးကိုရှုံးမှာလို့ ယုံကြည်တာအလကားမဟုတ်ဘူးဆိုပြီး မေဦးက ထိထိမိမိပြောချလိုက်တာ ဖြစ်ပါတယ် ။ ယနေ့မှာဆိုရင်လည်း အမေစုမွေးနေ့အတွက် ပန်းပန်တဲ့ပြည်သူတွေကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းတွေကြားသိနေရတာလည်း ဖြစ်ပါတယ် ။

Source & Photo Credit-May Oo’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *