ပန်းခင်းထဲ က ဒဏ္ဍာရီ မင်းသမီးလေး တစ်ပါး လို ဝင့်ဝါမော်ကြွားစွာ နဲ့ လှနေပြီး အရမ်းတွေလှနေတဲ့ နေခြည်ဦး

Posted on

ပရိသတ်ကြီးရေ…..အချိန်တိုအတွင်းမှာ ပရိသတ်တွေ ရဲ့ လက်ခံ အားပေးမှုကို အပြည့်အဝရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်းတွဲတွေ အပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။

အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့ အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး ချစ်ပန်းဝါဝါဆိုတဲ့ဇာတ်လမ်းကို မင်းသားချောမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် Live salesရောင်းချမှုတွေ ပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်နော်…..။

နေခြည်ဟာ အမြဲမိမိုက်နေတဲ့ဖက်ရှင်တွေနဲ့နေတတ်တဲ့သူလေးဖြစ်တဲ့အပြင် မကြာခဏ ဆိုသလိုလည်း သူမရဲ့ပုံအလန်းတွေကို တင်ပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ပြင်ဦးလွင်ရဲ့လှပတဲ့ ပန်းခင်းကြီးထဲမှာ နတ်သမီးလေးတစ်ပါးလို တင့်တယ်နေတဲ့ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ “🌼🌼 Live Life In Full Bloom 🌼🌼#pyinoolwin #travelgram…..” ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Nay Chi Oo’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *