ပင်လုံ ရင်ပြင် သို့ သွား ရောက်ပြီး များစွာသော ပြည်သူလူထုနှင့်အတူ ဝန်းရံကာ ပါဝင်လှုပ်ရှားခဲ့တဲ့ အိချောပို ရဲ့ ဗီဒီယိုဖိုင်

Posted on

သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပရိသတ် တိုင်း ရဲ့ အချစ်တွေများစွာကို သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး ဘယ်ကာရိုက်တာ မျိုးမဆိုကို ပရိသတ်တွေ သဘောကျအောင် ဖန်တီးနိုင်စွမ်းရှိသော မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ အေးချမ်းတည်ကြည်စွာနေထိုင်ပြုမူတတ်တဲ့ သူမရဲ့ပုံစံလေးတွေကြောင့် အားလုံးက ချစ်မဝဖြစ်နေ ကြတာလည်း ဖြစ်ပါတယ်။

စူစူဟာ လတ်တလောဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှ ာလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာရှင်တိုင်းလိုလို အခုလိုပါဝင်ဆောင်ရွက်လာတာကြောင့်လည်း ပြည်သူတွေအားလုံးက ဝမ်းသာနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အိချောပို ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာလည်း ဖြစ်ပါတယ်။

ဒါကတော့ ပင်လုံရင်ပြင်သို့သွားရောက်ပြီး များစွာသော ပြည်သူလူထုနှင့် အတူ ဝန်းရံကာပါဝင်လှုပ်ရှားခဲ့တဲ့ အိချောပိုရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ စူစူဟာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်တာကြောင့် ဘေလီတံတားထိပ်တွင်တည်ရှိတဲ့ ပင်လုံရင်ပြင်သို့သွားရောက်ကာ လူထုလှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

source and Photo Crd-Ei Chaw Po’s Facebook Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *