ပင်ပန်းပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွား တဲ့နေ့ မှာ မက်ခဲ့တဲ့ သူ့ရဲ့ အိပ်မက် အကြောင်း ပြောပြလာတဲ့ လူရွှင် တော်တိုင်းကျော် ရဲ့ ဗီဒီယိုဖိုင်

Posted on

ဟာသသရုပ်ဆောင်၊ လူရွှင်တော် တစ်ဦးဖြစ် တဲ့ တိုင်းကျော် ကတော့ တောထဲ တောင်ထဲကိုရောက်ရှိနေတာဖြစ်ပြီး သူအဆင်ပြေပြေရှိနေ ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်နဲ့အတူ ဟားငါးကောင်အဖွဲ့သားတွေလည်း ရောက်နေကြတာဖြစ်ပြီး အားလုံးစည်းလုံး ညီညွတ်စွာ နေထိုင်နေကြတာပဲ ဖြစ်ပါတယ် ။ တိုင်းကျော်တို့အဖွဲ့ကတော့ တောထဲမှာ အခြေ ကျအောင် ကြိုးစားနေ တာဖြစ်ပြီး နေမယ့်အိမ်ကအစ ကိုယ်တိုင်ဆောက် လုပ်နေရတာ ဖြစ်ပါတယ် ။

သူတို့အနေနဲ့ ဒီလိုဘဝမျိုးရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေမယ့်လည်း သတ္တိရှိရှိ စွန့်စားခဲ့ကြတာ ဖြစ်ပါတယ် ။ အမှန်တရားဘက် က ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ တိုင်းကျော်တို့အဖွဲ့က ပြည်သူတွေကို စိတ်ဓာတ်မကျစေဖို့အတွက် လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ဗီဒီယို လေးတွေ မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း တိုင်းကျော်က သူ့ရဲ့Facebook Page မှာ ဗီဒီယိုအသစ်တစ်ခုကို တင်ပေးထားတာ တွေ့ရပါတယ်။

ဒီဗီဒီယိုထဲမှာတော့ တိုင်းကျော်က တောထဲ ကို စစရောက်ချင်း ရက်တွေမှာတော့ နေရထိုင်ရတာအဆင်ပြေမယ့် သူအိပ်နေကျပုံစံမဟုတ်တာ ကြောင့် အိပ်မပျော်ကြောင်း ရင်ဖွင့်ထားတာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ တိုင်းကျော်က ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ နေ့မှာ ထူးထူး ဆန်းဆန်း အိပ်မက် တစ်ခုမက်ခဲ့ကြောင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်က သူ့ရဲ့အိပ်မက်အကြောင်းကို စိတ်ဝင် စား ဖွယ်ဖြစ်အောင် ပြောပြထားတာပဲ ဖြစ်ပါတယ် ။ “အိပ်မက်”ဆိုတဲ့ခေါင်းစဥ်နဲ့အတူ မျှဝေလာတဲ့ တိုင်းကျော်ရဲ့ဗီဒီယိုဖိုင်ကို ပရိသတ်တွေ အ တွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Taingkyaw’s FB Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *