ပင်ကိုယ် အလှ‌တရား တွေ နဲ့ ဆွဲ ဆောင် မှု ရှိနေ တဲ့ သင်ဇာဝင့်ကျော်

Posted on

သင်ဇာဝင့်ကျော်ဟာ ကျစ်လျစ် လှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မိန်းကလေးချင်းပါ‌အရမ်းကြွေရတဲ့ သူလေးပါ။ သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက်လည်း လေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားလုပ်လေ့ရှိတဲ့ သူလည်းဖြစ်ပါတယ်။ သင်ဇာဟာ မကြာခဏဆို သလိုလည်း သူမရဲ့ညှို့အားပြင်းအလန်းစားပုံလေးတွေကို တင်ပေးလေ့ ရှိသူပါ။

အခုဆိုရင်လည်း သင်ဇာဟာ သူမရဲ့ Instagram story လေးမှာ အပြစ်ဆိုဖွယ်ရာမပါတဲ့ ပင်ကိုယ်သဘာဝအလှ‌တရားတွေနဲ့ ဆွဲဆောင်မှုရှိနေတဲ့လှနေတဲ့ ဗီဒီယိုလေးကိုတင်ပေး လာပါတယ်။ ပုရိသတွေရဲ့အသည်းကျော် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကိုအားလုံးသိကြမယ်ထင်ပါတယ်နော်။

သူမဟာ အမြဲမိမိုက်နေ တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပွဲအခမ်းအနားတက်ရောက်လေ့ရှိတာကြောင့် ပရိသတ်တွေကြားရေပန်းစား‌တဲ့ မင်းသမီးတစ်လက်ဆိုလည်း မှား မယ်မထင်ပါဘူး။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီး တွေလည်းအောင်မြင်အောင် ရိုက်ကူးထားနိုင်သူလေးပါ။

Photo credit- Thinzar Wint Kyaw’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *