ပရိသတ်ကြီးရေ…….မင်းသမီးချောလေးဆောင်းယွန်းစံကတော့ အနုပညာလောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ပြီး ပါဝင် သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်တိုအတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင် ထားနိုင်ခဲ့တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို ကြော်ငြာတွေလည်း ရိုက်ကူး နေတာဖြစ်ပါတယ်နော်……။
ဆောင်းယွန်းစံဟာ ရွှေကြို တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ကျစ်လျစ် သွယ်လှတဲ့ဘော်ဒီ အချိုးအစားလေးဟာလည်း ပုရိသတွေရဲ့ အသည်းစွဲပါပဲနော်။ သူမဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုတွေကိုရိုက်ကူးလေ့ရှိပြီး ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်အားပေးမှုရရှိနေတာပါ။
အခုဆိုရင်လည်း ဆောင်းယွန်းစံဟာ အားလပ်ချိန်လေးမှာ ပရိသတ်တွေ အလွမ်းပြေဖို့အတွက် Tik Tok ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ သူမဟာ နှုတ်ခမ်းလေးစူပြီးအသည်း ယားစရာကောင်းအောင်လုပ်ပြနေ တာလည်းဖြစ်ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo credit-Saung Yoon San’s Facebook acc