နှစ်သစ်လေးမှာ ပျော်ရွှင်စွာ အပန်းဖြေနေကြတဲ့ R ဇာနည်တို့ မိသားစုရဲ့ ကြည်နူးစရာပုံလေးများ

Posted on

ဆယ်စုနှစ်တွေများစွာတိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက် ရရှိထားသူကတော့ အဆိုတော် R ဇာနည်ပဲ ဖြစ်ပါတယ်။ သူဟာ အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ သီချင်းသစ်များသာမက ပြန်ဆိုတေးများကိုလည်း ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။

R ဇာနည်ဟာ ချစ်ရတဲ့ သူတွေနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ သူ့ရဲ့ ကလေးလေးတွေကိုလည်း ချစ်မဝဖြစ်နေကြတာပါ။ဒါ့ကြောင့်လည်း ပရိသတ်တွေက အမြဲစောင့်ကြည့်အားပေးနေတာလည်းဖြစ်ပါတယ် ။

အမြဲလိုလို ကြည်နူးစရာမိသားစုပုံလေးတွေကို တင်လေ့ရှိရာ အခုလည်း နှစ်သစ်လေးမှာ မိသားစုအတူ အပန်းဖြေရေကူးကာ စားသောက်ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာပုံလေးတွေကို ဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေတိုင်းမှာ အကုန်လုံးချစ်စရာကောင်းပြီး အပျော်တွေကူးစက်ရလောက်အောင် ကြည်နူးစရာကောင်းလွန်းလှပါတယ်။ cele zone ပရိသတ်ကြီးလည်း R ဇာနည်တို့ မိသားစုလေးရဲ့ ပုံလေးတွေကို ကြည့်လိုက်ရအောင်နော်။

Yuan – Cele Zone

Photo – R ဇာနည်

zawgyi




Yuan – Cele Zone

Photo – R ဇာနည်

Leave a Reply

Your email address will not be published. Required fields are marked *