နှစ်သစ်လေးမှာ ချစ်ရ တဲ့ ဘေဘီရဲ့ပါးပြင်လေး ကို အနမ်းခြွေခဲ့ တဲ့ သာဂန်း

Posted on

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးမယ့် အကြောင်းအရာလေးကတော့ နှစ်သစ်မှာ ချစ်ရသူလေးနဲ့ အတူဖြတ်သန်းပြီး သာယာတဲ့ အချစ်လမ်းခရီးလေးကို တည်ဆောက်ထားတဲ့ သာဂန်းနဲ့ ဘေဘီတို့ရဲ့ အကြောင်းလေးပါ။

အဆိုတော် သာဂန်းကတော့ အိမ်မက်ဆုံရာကနေ လူသိများခဲ့ပြီး အစီအစဥ် ပြီးသွားတဲ့အခါမှာလည်း ဂီတအနုပညာကို ဆက်လက်ပြီး လုပ်ကိုင်နေသူ တစ်ယောက်ပါ။ ဘေဘီမောင်ကလည်း မော်ဒယ်လောက ကနေမှ သရုပ်ဆောင်လောက ကို ရောက်လာခဲ့သူလေးပါ။

သူမကတော့ စိတ်ထားလေးဖြူစင်ပြီး ပွင့်ပွင့်လင်းလင်းလည်းရှိတာကြောင့် ချစ်ပရိသတ်ကြီးက အရမ်းကိုချစ်ခင် အားပေးနေကြတာပါ။ သာဂန်းနဲ့ ဘေဘီတို့ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့်အဝရှိကာ ဂရုစိုက် ပေးလေ့ရှိပါတယ်။

သာဂန်းကလည်း ဘေဘီကို မျက်နှာတစ်ချက် မညိုးရအောင် အလိုလိုက်ချစ်ခင်ပြီး ပျော်ရွှင်အောင်ထားကာ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို အေးချမ်းသာယာမှုတွေနဲ့ တည်ဆောက်ထားပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကို သူတို့ကို ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်ကြီးထံ ချပြလေ့ရှိပါတယ်။

သူတို့စုံတွဲလေးရဲ့ Ro ဆန်တဲ့ပုံရိပ်လေးကို နှစ်သစ်ရဲ့ နေ့တစ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ သာဂန်းက ” ရိုးရှင်းသော နှစ်သစ်ရဲ့ ပုံလေးတစ်ပုံ ” ဆိုပြီး ချစ်ရတဲ့ ဘေဘီရဲ့ပါးလေးကို အကြင်နာအနမ်းတစ်ပွင့်ခြွေ ခဲ့ပါတယ်။ ဘယ်လောက်တောင် Ro ဆန်လိုက်သလဲ။

သာဂန်းတို့စုံတွဲလေးကိုတော့ လူတော်တော်များများ အားကျနေကြတာပါ။ ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း နှစ်သစ်လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source….Thar Gan’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *