နှစ်သစ်ရက်‌လေးမှာ ကျောက်မျက်တွေ၀ယ်ဖို့ သီးသန့် shoppingထွက် ခဲ့တဲ့ နေခြည်ဦး

Posted on

ပရိသတ်ကြီးရေ….သွက်လက်တဲ့အမူအရာလေးတွေ နဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူး လာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

နေခြည်ဟာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလို ကြိုးစားနေပြီး photo shootingတွေ ကြော်ငြာတွေလည်းမပြတ်ရိုက်ကူးနေရတာပါ။ ဒါ့ပြင် နေခြည်ဟာ ကျောက်မျက်ရတနာ Live salesတွေလည်းပြုလုပ်နေတာဖြစ်ပြီး ချိုသာပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့် ပရိသတ်အားပေးမှုလည်းရရှိနေသလို နေခြည်ကိုယ်တိုင်လည်း ကျောက်မျက်တွေကိုစိတ်၀င်တစားနဲ့ ၀ယ်ယူ၀တ်ဆင်နေတာလည်းတွေ့ရပါတယ်နော်။

အခုဆိုရင်လည်း နေခြည်ဦးဟာကျောက်မျက်ရတနာတွေ၀ယ်ယူဖို့ shoppingထွက်နေတာဖြစ်ပြီး သူမရဲ့ Facebookစာမျက်နှာမှာလည်း “၂၀၂၁ တစ်နှစ်လုံး ကျောက်ကောင်းကျောက်မြတ်တွေ ပိုင်ဆိုင်အောင် ဒီနေ့ jewelry shopping လေးတစ်ဖြတ် …နေခြည်လေ ကျောက်တွေကို အရမ်းချစ်လာတာပဲ ခရီးပြန်ထွက်လို့ရတာနဲ့ ကျောက်မျက်သင်တန်းတွေ သွားတက်မယ်။ ၂၀၂၁ မှာကိုယ့်ကိုယ်ကိုယ် ပိုချစ်တော့မယ်။သဘောတူလား chillies……” ဆိုပြီးရေးသားကာ ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-beautybynaychi’s Facebook page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *