နှစ်သစ်ကူး အချိန် သင်္ကြန် အတက်နေ့ မှာ ရဟန်းခံ ရှင်ပြု အလှူတွေ ပြု လုပ် ကုသိုလ် ယူခဲ့တဲ့ ဒိန်းဒေါင်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသတွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေရရှိထား တဲ့ သရုပ်ဆောင်ဒိန်းဒေါင်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ်..။ ဒိန်းဒေါင် ကတော့ ပြည်သူတွေအားလုံးပါဝင်ဆင်နွှဲနေကြတဲ့ တော်လှန်ရေးတိုက်ပွဲအချိန်အခါမှာလည်း လိုအပ်နေ တဲ့ ပြည်သူတွေ အတွက် လှူဒါန်းမှုတွေကို ပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင်ဒိန်းဒေါင်ကတော့ ဒီကနေ့ နှစ်သစ်ကူးအချိန်အခါ သင်္ကြန်နောက်ဆုံးနေ့ဖြစ်တဲ့ အတက်နေ့မှာ လည်း ရဟန်းခံရှင်ပြုအလှူ တွေ ပြုလုပ်ပြီး အများပြည်သူ (၇)ရက်သားသမီးတွေနဲ့အတူ ကုသိုလ်ယူအလှူတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။ ရဟန်း(၁၅)ပါးနဲ့ ရှင်(၈)ပါး ကို သာသနာ့ဘောင်သွတ်သွင်းကာ မီန်မွန်မြတ်မြတ်နဲ့ ကောင်းမှုကုသိုလ်အလှူတွေပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို လ ည်း ဒိန်းဒေါင်က ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

“ရဟန်း(15)ပါး ရှင်(8)ပါး အလှူနတ်လူသာဓုခေါ်စေသော်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏..” ဆိုပြီး အလှူပုံရိပ်တွေကို ဒိန်းဒေါင်က သူ့ရဲ့ ဖေ့ စ် ဘွတ် စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။ နှစ်သစ်ကူးအချိန်အခါ သင်္ကြန် အတက်နေ့မှာ ရဟန်းခံရှင်ပြုအလှူတွေပြုလုပ်ခဲ့တဲ့ ဒိန်းဒေါင်တို့ရဲ့ ကုသိုလ်ယူပုံရိပ်တွေကိုလည်း ပရိ သတ် တွေက သာဓုခေါ်ကာ ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Dain Daung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *