နှစ်တွေ အကြာကြီး ကြိုးစား တည်ဆောက် ခဲ့သမျှ အကုန် ပျက်စီးသွား လို့ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေရတဲ့ မြတ်သူသူ

Posted on

ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူး ထားပြီး သရုပ်ဆောင် ကောင်းမှုတွေ ကြောင့် ပရိသတ်တွေအသိအမှတ်ပြု အားပေးချစ်ခင်နေကြသူကတော့ သရုပ်ဆောင်မင်းသမီးချော မြတ်သူသူပဲ ဖြစ်ပါတယ်..။

မြတ်သူသူကတော့ သရုပ်ဆောင် ပိုင်နိုင်ပီပြင်တဲ့အပြင် စကားပြောလည်း ပွင့်လင်းတာကြောင့် အားလုံးက ချစ်ခင်နေကြပြီး အောင်မြင်မှုတွေနဲ့အတူ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသူဆိုလည်း မမှားပါဘူး..။

မြတ်သူသူကတော့ လက်ရှိ အခြေအနေတွေ အမျိုးမျိုးကြောင့် နှစ်တွေအကြာကြီး ကြိုးစားတည်ဆောက်ခဲ့သမျှ အကုန်ပျက်စီးသွားလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းတွေကို ပြောပြလာပါတယ်..။

လတ်တလော လိုင်းမသုံးဖြစ်တာတွေ အပြင် ကြိုးစား တည်ဆောက် ခဲ့သမျှ အကုန်ပျက်စီးသွားလို့ ဘဝသစ်တစ်ခုကို အစကပြန်ကြိုးစားရမယ့် အကြောင်းတွေနဲ့ စိတ်ဓါတ်တွေကျပေမယ့် အားတင်းကာ ပြန်ကြိုးစားမယ့်အကြောင်းတွေကို မြတ်သူသူက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ စိတ်မကောင်းစွာ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

“လူရော စိတ်ရော အဆင်မပြေလို့ လိုင်းမသုံးဖြစ်ဘူး

အင်တာနက်လိုင်းတွေ မရလို့လည်း လိုင်းမသုံးဖြစ်ဘူး

ကိုယ်တွေထက် ထိခိုက်နစ်နာခဲ့ရသူတွေကို အားနာလို့လည်း လိုင်းမသုံးဖြစ်ဘူး

နှစ်တွေအများကြီး ကြိုးစားတည်ဆောက်ခဲ့သမျှတွေ အကုန်ပျက်စီးသွားတော့ မျှော်လင့်ချက်တွေလည်း မရှိတော့ဘူး

ဒီအသက်အရွယ်ရောက်မှ ဘဝသစ်တခုကို အစက ပြန် ကြိုးစားရပြန်ဦးမယ်

ကိုယ့်ထက် ပိုဆုံးရှုံးရတဲ့သူတွေ အနစ်နာခံခဲ့သူတွေဆို ဘယ်လောက်တောင် များ ထိခိုက် နာကျင်ကြရမလဲ

စိတ်ဓါတ်တွေကျပေမယ့် ပြန်ကြိုးစားမယ် ပြန်အားတင်းမယ်

အရာအားလုံးကောင်းဖို့ဖြစ်လာတာပါလို့ အမြဲတွေးခဲ့ပေမယ့် အခု တခါတော့ မပါဘူး

ဘယ်တော့မှ မမေ့ဘူး..” ဆိုပြီး မြတ်သူသူက ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း မြတ်သူသူ အတွက် စိတ်မကောင်းဖြစ်ကြရသလို အားပေးစကားတွေ လည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Myat Thu Thu – မြတ်သူသူ Fb Page

Leave a Reply

Your email address will not be published. Required fields are marked *