နှစ်ဆန်း တစ်ရက် နေ့တွင် တစ်နေရာ စီ ဝေးကွာနေတဲ့ မိဘနှစ်ပါး အား အဝေး တစ်နေရာကနေ ကန်တော့ လိုက်တဲ့ မင်းမော်ကွန်း

Posted on

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တွေ များစွာ တိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေပြီး လူထု လှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင် နေရပေမယ့်လည်း ရောက်ရာ အရပ်ကနေ လူထုလှုပ်ရှားမှုများအား ဆက်လက်ပါဝင်နေဦးမှာ ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်တွေ သူ့ရဲ့ လုံခြုံရေးအတွက် စိတ်မပူစေဖို့ ကိုလည်း လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ရေးသားဝေမျှပေး နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့Facebook အကောင့်တွင် နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီ ဝေးကွာနေတဲ့ မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့ လိုက်ကြောင်းကို တင်ထားတာပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ ဖခင် ဦးဇင်ဝိုင်းဟာ မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူကလည်း ” နှစ်ဆန်း တစ်ရက်နေ့မှာ

တစ်နေရာစီ မှာဝေးကွာနေတဲ့

အမေနဲ့အဖေကို

အဝေးတစ်နေရာကပဲ

သားကန်တော့ပါတယ်

အမေရော အဖေပါ

ကျန်းမာချမ်းသာစွာ ရှိနိုင်ကြပါစေ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီပို့စ်ရဲ့အောက် မှာလည်း ပရိသတ်များက ဝေးကွာနေတဲ့ မင်းမော်ကွန်းတို့မိသားစုများလည်း အရင်လို တစ်စုတစ်စည်းတည်း ပြန်လည်ဖြစ်ဖို့ သိပ်မလိုတော့ကြောင်း အားပေးစကားများလည်း ရေးသားထားကြတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *