နှစ်ဆန်း တစ်ရက်နေ့ တွင် တတ်နိုင် သလောက် အလှူအတန်းတွေ ပြုလုပ် ခွင့် ရတဲ့အတွက် ဝမ်းသာ ကြည်နူး နေတဲ့ မမဆောင်း

Posted on

မမဆောင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ မင်းသမီး ဆောင်းအိန္ဒြေထွန်း ကတော့ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားများတွင် ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေထားတဲ့ ချွေးနည်းစာများဖြင့် အလှူ အတန်းတွေ အားတက်သရော လှူဒါန်းနေသူ ဖြစ်ပါတယ်။ စိတ်သဘော ထားနူးညံ့သိမ်မွေ့ပြီး လူတိုင်း အပေါ်မှာလည်း ကူညီတတ်သူဖြစ်တာကြောင့် အားလုံးက ချစ်ခင် အားပေးနေကြတာပါ။

မမဆောင်းကတော့ မကြာသေးခင် ရက်ပိုင်းလောက် က သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ မော်လမြိုင်မြို့ကို သွားရောက်မယ့် အကြောင်းကို ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ မော်လမြိုင်မြို့ကို ရောက်ရှိနေစဉ်အတွင်းမှာလည်း ကုသိုလ်ကောင်းမှုတွေ လုပ်နေပြီး အားလုံး လည်း သာဓု ခေါ်ဆိုနိုင်အောင် သူမရဲ့ လူမှုကွန်ယက်များတွင် အလှူ ပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း မမဆောင်းရဲ့ Facebook Page တွင် နှစ်ဆန်း တစ်ရက်နေ့ အလှူတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေ တင်ထားတာပါ။

သူမကလည်း ” နှစ်ဆန်း ၁ ရက်နေ့ အလှူ ( မော်လမြိုင် အိမ် အနောက်မှာ ဌားနေသူတွေကို မမဆောင်းရဲ့ အလှူ) အသက်ရွယ် ကြီးသူတွေရော လူကြီးတွေရောကို ပိုက်ဆံ လှူခဲ့ပါတယ်ကလေးတွေကို မုန့်လှူ🙏🙏🙏 မမဆောင်း ကုသိုလ် ထပ်တူ ရပါစေနော် ” ဆိုပြီး ရေးသား ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေလည်း သာဓု ခေါ်ဆို နိုင်စေရန် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Ma Ma Saung’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *