ပရိသတ်ကြီးရေ အဆိုတော်မင်းသားတစ်လက်ဖြစ်တဲ့ ထွန်းထွန်း နဲ့ အထူးတလည် မိတ်ဆက်ပေး ဖို့မလိုလောက်ဘူးထင်ပါတယ်။ထွန်းထွန်းကတော့ ဂီတပိုင်းမှာသာမက သရုပ်ဆောင်မှုပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကို ရရှိပိုင်ဆိုင် ထားတဲ့လျက်ရှိပါတယ်။ သူဟာဆိုရင် နှင်းဆီအငြိမ့်အဖွဲ့ဝင်ထဲက ဟာသလူရွှင်တော်အဖြစ် နဲ့လည်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
ထွန်းထွန်းကတော့ နှင်းဆီအငြိမ့်တုန်းက အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင် လေးတွေ ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီဇင်ဘာ(၁၁)ရက်နေ့မှာတော့ ထွန်းထွန်းက”ကဲ မိတ်ဆွေတို့ရေ နှင်းဆီပရိတ်သတ်များအတွက် အရမ်းပျော်စရာကောင်းမယ့် ချစ်စရာ ကောင်းမယ့် online အစီအစဉ်လေးတခု ကို ကျွန်တော်တို့ နှင်းဆီတွေ ဖော်ဆောင်နေကြပါပြီ Stay Tuned”လို့ဆိုပြီး ပရိသတ်တွေကို ဝမ်းသာသတင်းကောင်းပါးလိုက်တာလေးကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
ထွန်းထွန်းတို့နှှင်းဆီအဖွဲ့သားတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် ဝမ်းသာစရာအစီအစဉ်လေး ပြင်ဆင်နေကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Htin Aung Tun’s Facebook
Credit ;(CeleChitthu)
zawgyi
Credit ;(CeleChitthu)