လူထုလှုပ်ရှားမှုကြီးဟာ ယခုလက်ရှိ အချိန်မှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် မြန်မာ ပြည်သူပြည်သားများ အားလုံးက တတ်နိုင်တဲ့ဘက်ကနေ တာဝန်ကိုယ်စီယူကာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မဆုတ် နစ်သော ဇွဲလုံလတွေနဲ့ ကြိုးစား အားထုတ်နေကြတုန်းပဲ ဖြစ်ပါတယ်။ဖြိုခွင်းမှုတွေကလည်း နေရာဒေသ အနှံအပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူများ ရဲ့ ရှေ့တွင် မျိုးဆက်သစ် လူငယ်များက မားမား မတ်မတ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အနုပညာရှင်တွေ ကလည်း သူတို့နိုင်သလောက် လူထု လှုပ်ရှာ းမှုတွေမှာ ပူးပေါင်းပါဝင် လှုပ်ရှားနေတာ ဖြစ်ပြီး တချို့အနုပညာရှင်တွေကတော့ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ကို မထွက်နိုင်တော့ပဲ တိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး အခြေအနေတွင် ပြည်သူတွေကလည်း ပိုပြီး စည်းလုံး ညီညွှတ်ကြကာ တစ်ယောက် နဲ့ တစ်ယောက် ကူညီဖေးမရင်း ယုံကြည်တဲ့ ပန်းတိုင်ကို အတူလက်တွဲသွားနေကြတာ ပဲဖြစ်ပါတယ်။
အဆိုတော် ပိုပိုကလည်း နေ့တိုင်း လမ်းမပေါ် ထွက်ကာ ပြည်သူလူထု နဲ့ အတူ တရားမျှတမှု အတွက် အားသွန်ခွန်စိုက် လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်အားဖြည့်ကာ အေးချမ်းစွာ ရင်ထဲက ဆန္ဒအမှန်တွေကို ဖော် ထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း ပိုပိုရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “လက်နက်မဲ့ ပြည်သူများကို လက်နက် နဲ့ သတ်ဖြတ်ခြင်း ကို အလွန်တရာမှ ရွံရှာ စက်ဆုပ် ပါသည်”ဆိုပြီး ရေးသားကာ လူထုလှုပ်ရှားမှု ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ကဲ….ချစ်ပရိ သတ်တွေ အတွက် ပြန်လည်ကူးယူ မျှဝေ ပေးရင်း ပြည်သူတွေ အသက်အန္တရာယ်မှ ကင်းဝေပြီး ဘေးရန် ကင်းရှင်းကြပါစေ……🙏🙏🙏
Photo Credit- Po Po FB Page