နွေဦး တော်လှန်ရေး လုံးဝ အနိုင်ရရှိမည့် နည်းလမ်း ကို ဆရာ တစ်ဦး မှ ချပြ လိုက်ပြီ

Posted on

မတ်လ ၁၉ ရက်။အသက်တမျှ အရေးကြီးပါတယ်။ ပြည်သူလူထုအတွက် အသက်တမျှအရေးကြီးတဲ့နေ့ပါ။ လုပ်ဆောက်မှုတွေ အချိုးပြေသွားရင် အကောင်းဆုံးနေ့တစ်နေ့ စတင်ဖြစ်သွားနိုင်တယ် လို့ကျနော် ပြောခဲ့ဖူးတယ်။အဲဒီစကားဟာ သိပ်နက်ရှိုင်းပါတယ်။[ကံတရား ဆိုတာမှာ ဒီလို ဖြစ်ရမယ်လို့ တစ်ထစ်ချပြောခွင့်ရှိတဲ့ ကံမျိုးလည်းရှိတယ်။ ဒီလိုဖြစ်နိုင်ခြေရှိတယ်။စနစ်တကျဆောင်ရွက်မှဖြစ်မယ်ဆိုတဲ့ ကံတရားအခြေအနေမျိုးလည်းရှိတတ်ပါတယ်။

လူ့ဘဝဆိုတာ ကံ၊ဉာဏ်၊ဝီရိယနဲ့ထူထောင်ရတာလူတိုင်းသိပါတယ်။ ASTROLOGY ခေါ် နက္ခတ်ပညာနဲ့နဲ့ တွက်စစ် အဖြေထုတ်ထားတဲ့ ဖြစ်နိုင်ခြေကံတရားကိုဉာဏ်နဲ့ဆင်ခြင်ပြီး ရှောင်ဖို့၊ဆောင်ဖို့၊ကြိုးစားအားထုတ်ဖို့လည်း လိုပါသေးတယ်။ ထားပါတော့။]၁၉ရက်နေ့ဟာ သိပ်အရေးကြီးတယ်။ ပြည်သူလူထုဘက်က၊ပြည်သူလူထုခေါင်းဆောင်တွေဘက်က အစစဆင်ခြင်သတိနဲ့ ဆောင်ရွက်သင့်တယ်။‌ တချို့အခြေအနေတွေမှာ စွတ်မတိုးသင့်ဘူး။တချို့အခြေအနေတွေမှာကျတော့ တညီတညွတ်နဲ့ စည်းစည်းလုံးလုံး တွန်းတိုက်လုပ်သင့်တယ်။

အထူးသဖြင့် ခေါင်းဆောင်ပိုင်းက လိမ်မာပါးနပ်ဖို့သိပ်လိုအပ်တဲ့န့ပါ။၁၉ ရက်နေ့ဟာ အကောင်းဆုံး နေ့ဖြစ်လာနိုင်သလိုသတိမထားရင် အဆိုးဆုံးအ‌ခြေအနေတွေကလည်း ဖြစ်သွားနိုင်ပါတယ်။အိမ်တိုင်းအိမ်တိုင်း၊မိသားစုတိုင်းက ကုသိုလ်‌ရေးတွေပိုလုပ်သင့်ပါတယ်။ဘာသာရေးကိုလည်း ဖိလုပ်သင့် တဲ့နေ့ပါ။တစ်ခု အားသာ‌နေတာက ပြည်သူလူထုရဲ့စိတ်ဓါတ်အင်အားရော၊တခြားအကူအညီအင်အားတွေပါအပြည့်အဝနီးပါးအောင်မြင်ထားခဲ့ပြီ မဟုတ်လား။နောက်တစ်ခုအားသာ‌တာက ၁၉ ရက်နေ့ကစပြီး ကျနော်တို့အမေစုရဲ့ကံကထိပ်တန်းပြန်ကောင်းလာပြီ။နောက်ထပ်အင်အားတစ်ခုကအမေစု နဲ့သမ္မတကြီးတို့ဟာမတ်လ ၁၉ ရက်မှာ ထင်မှတ်မထားတဲ့ လာဘ်တစ်ခုခုစီ ရတတ်တယ်။

သူတို့နှစ်ယောက်လုံးမှာပဲ မတ်လ၂၀ မှာလည်း အကြီးမားဆုံးအကူအညီ ရတတ်ပြန်‌သေးတယ်။ပြည်သူလူထုဘက်က ရတာမျိုးမဟုတ်ဘဲ အမေစုနဲ့ သမ္မတကြီးတို့အတွက် သီးသန့်ရတာမျိုးပါ။အချုပ်အနှောင်က လွတ်မြောက်မှု လမ်းစ လို့လည်းဆိုနိုင်ပါတယ်။သေချာပေါက် ရမှာပါ။ ပြောရရင်တော့ မတ်လ ၁၉ ရက်ကနေ မတ်လ ၂၅ ရက်အထိဟာ မြန်မာပြည်သူလူထုအတွက် အသက်တမျှအရေး ကြီးတဲ့ကာလလေးပါ။အဲဒီထက်ပိုပြီး အတိအကျပြောရရင် မတ်လ ၁၉ ကနေ မတ်လ ၂၈ အထိ၉ ရက်ဟာ မြန်မာပြည်အတွက် တစ်ခုခုအဆုံး အဖြတ်ကာလပါပဲ။[ဟိုဘက်အုပ်စုရဲ့ ခေါင်းကြီးမှာလည်း မတ်လ ၁၉၊၂၀၊၂၁ အဲဒီ သုံးရက်ဟာ သူ့အတွက်လည်း အရေးအကြီးဆုံးရက်တွေပါပဲ။သူလည်း အပြင်းအထန်…။

ဘာတွေလုပ်နေမယ်ထင်ကြလဲ။တွေးကြည့်ကြပေါ့လေ။]ဆိုလိုတာက ဒီရက်တွေဟာ အကြိတ်အနယ်ကာလဖြစ်နေပြီ။စိတ်အားတွေပိုညီညွတ်ကြဖို့ လိုပြီ။ပိုထက်သန်ကြဖို့ လိုပြီ။လိမ်မာပါးနပ်ဖို့ လိုပြီ။စိတ်အားတွေပိုခိုင်ခံ့ကြဖို့ လိုပြီ။ကုသိုလ်များများလုပ်ကြပါ။ဘာသာရေးသမားတွေကို ပန်ကြားပါရစေ။ ဘုရားရှိခိုးပြီး အမျှဝေတိုင်း ကြေးစည်များများတီးပါ။ကြေးစည်များများတီးပေးကြပါ။တစ်ခါတီးရင် ၂၃ ချက်တိတိတီးပါ။၂၃ ချက်တိတိပါ။အနည်းဆုံး တစ်နေ့ နှစ်ကြီမ် ခဏပဲဖြစ်စေ ဘုရားဝတ်ပြုပြီးကြေးစည် တီးပါ။တီးခါနီးနဲ့ တီးပြီးတိုင်းလည်း ဆုတောင်းကြပါ။ ထပ်ပြီးသတိပေးချင်တာကဖေဖော်ဝါရီ ၂၂ ကနေ ဧပြီ ၁၄ ရက်အထိကစစ်ပွဲ၊သွေးထွက်သံယို၊မီးလောင်၊ရန်ဖြစ်၊ဒေါသဖြစ်၊ပူပန်ရ၊တချို့ က မပျော်သောခရီးသွားကြရ စသည် ဖြစ်တတ်ချိန်ပါ။

အနီရောင်ကိုခဏရှောင်ထားပါ။ဒါပေမဲ့ မတ်လ ၁၅ ရက်ကစပြီး အဲဒီလိုအခြေအနေတွေ စပြီးအားလျော့လာပါပြီ။မဆဲကြပါနဲ့။မကျိန်ကြပါနဲ့။သစ္စာပြုပါ။ကောင်းတဲ့စကား၊အောင်မြင်မဲ့စကားတွေကိုသာများများ ပြောပါ။နောက်တစ်ခုထပ်ပြောပါရစေ။မတ်လ ၃ ရက်ကနေ ဇွန်ကကုန်အထိ ရောဂါ‌ ကရုပြန်ထားဖို့လိုတယ်။သဘာဝဘေးလည်းသတိထားဖို့လိုတယ်။အဲဒါကြောင့် ကုသိုလ်များများလုပ်ပါ။ယတြာထက် ကုသိုလ်ရဲ့အားက ပိုကောင်းပါတယ်။ဥပမာ ဘိန်းမုန့်လုပ်ပြီး ဝေငှ၊လှူဒါန်းတာ‌တွေ ။မုန့်လုံး‌ရေပေါိလုပ်ပြီး ဝေငှ၊လှူဒါန်းတာတွေ။ကောက်ညှင်းပေါင်း ပေါင်းပြီး၊ဗယာကြော်ကြော်ပြီးဝေငှ၊လှူဒါန်းတာတွေ ။..

စသည်..စသည်။စစ်ဘေး၊လက်နက်ဘေးက ကင်းဝေးချင် လို့…အလုံးစုံကောင်းချင်လို့ ယတြာချေချင်တယ်ဆိုရင်လည်းအုန်းသီးစိမ်း အဝလှပ်၊အရည်သွန်၊ဆားသိပ်၊အပြည့်သိပ်၊လက်နဲ့ရိုက်ထည့်ပြီးသိပ်၊အားရပါးရရိုက်ထည့်ပြီးသိပ်။ပြီးရင် နီးစပ်ရာညောင်ပင်တစ်ပင်ရဲ့ အင်ဂါထောင့်ကနေရုက်ခစိုးကိုလှူ၊ဆုတောင်းပါ။ထိထိမိမိ ကျကျနနဆုတောင်းပါ။စိတ်ထဲမှာခံစားနေရတဲ့ ဒေါသ‌တွေ၊သောကတွေကိုပြောပြပြီးဆုတောင်းပါ။ စစ်ဘေး၊စစ်ဒါဏ်မခံရအောင်လည်းဆုတောင်းပါ။ တနင်းလာမနက် ၁၁ နာရီတိတိမှာ တင်လှူပါ။အချိန် အနီးစပ်ဆုံးတိကျပါစေ။ အဲဒီတစ်ရက်ပဲအဓိကလုပ်ပါ။ကျန်ရက်တွေထက်ပိုထိရောက်တယ်။ ကျန်ရက် ကျန်အချိန်တွေလည်း လုပ်လို့ရပါတယ်။

တစ်ယောက်တည်း တစ်လုံးကနေ သုံးလုံးအထိတစ်ပြိုင်တည်းတင်လှူနိုင် ပါတယ်။ဒါယတြာဟာ ဆရာကြီးမင်းသိမ်ခ ပညာခန်းယြတာတစ်ခုနဲ့ လာပြီးတူနေပါတယ်။ ဒါပေမဲ့ ချေတဲ့အကြောင်းရင်း မတူပါ။ကျ‌နော့်အကြောင်းနဲ့ကျနော် သီးခြားပညာရပ်နဲ့ ညွှန်ပြတာပါ။အကျယ်တဝင့်ပြောမပြနိုင်တာကို ခွင့်လွှတ်ပါ။အလွန်ခိုင်ခံ့၊သိပ်ပြီးထိရောက်တဲ့ ယတြာပါ။ယတွာသကျသကျပါပဲ။မှတ်ချက်။ ။လိုင်းလေး ခဏရလို့ ထရေးလိုက်တာပါ။စာလုံးပေါင်း၊သတ်ပုံ၊ လုံးဆင့်တွေ သည်းခံပါ။ည ရှစ်နာရီတိုင်း ကျနော် တာဝန်တစ်ခုလိုမျိုးဝေဒါသာကု ကို ထိထိရှရှ၊ သစ္စာဖြင့်ပူဇော်ဖြစ်ဆဲပါ ခင်ဗျာ။အသေဝနာ စ ဗာလာနံ။အားလုံးသတ္တဝါ ချမ်းသာပါစေ။သက်နှင်းဆွေ၊ပုပ္ပါး၊

(ကျေးဇူးပြု၍ လုံးဝ Copy မလုပ်ပါနဲ့။ စိတ်ကြိုက် share နိုင်ပါတယ်။)

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *