နွေဦးတော်လှန်ရေး အတွင်းမှာ အသက်ပေးသွား ခဲ့ရတဲ့သူတွေ အတွက် ငိုကြွေး ၀မ်းနည်း ရကာယူကျုံးမရဖြစ်ခဲ့ရတဲ့ အကြောင်းပြောလာတဲ့ ဘေဘီမောင်

Posted on

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းက စတင်ပြီးဖြစ်ပွားခဲ့တဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေ နဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန် ကောင်းနေဆဲဖြစ်ပြီး အခု ဆိုရင် ရက်ပေါင်း ၃၀ကျော်ခန့်ကြာ မြင့်နေပြီဖြစ်ပါတယ်နော်…..။

လူထုလှုပ်ရှားမှုကြီးမှာ ဆိုရင် လူငယ်တွေအတော်များများပါ၀င်နေကြတာ ဖြစ်ပြီး တစ်ရက်ပြီးတစ်ရက်လည်း အခက်အခဲ အတားအဆီးတွေများစွာနဲ့တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ အခုလိုအခက်အခဲအတားအဆီးတွေ များလာတာနဲ့အမျှ ဖြိုခွင်းမှုတွေကြောင့် အသက် စတေးသွားခဲ့ရတဲ့ လူငယ် လူရွယ်တွေမြန်မာနိုင်ငံအနှံ့အပြားမှာ ပေါ်ပေါက်လာနေတာကိုလည်းတွေ့ရပါတယ်နော်…..။

အခုလိုအပြစ်မဲ့ လူငယ်လေးတွေ သေဆုံးနေရတဲ့အတွက် ဘေဘီမောင်ဟာ သူမရဲ့ Facebook စာမျက်နှာထက်မှာ “ကိုယ်နဲ့မသိဖူးတဲ့သူစိမ်း တွေရဲ့သေဆုံးခြင်းကိုငိုနေရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူးရှင်😭နွေဦးမှာအရွက်တွေကြွေရမှာ🍂🍂အသက်တွေမဟုတ်ပါဘူးရှင်😭……” ဆိုပြီးရေးသား လာခဲ့ပါတယ်။ ပူဆွေးသောကရောက်နေတဲ့ဘေဘီမောင်ရဲ့စာလေးကိုမျှဝေရင်း မြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးငြိမ်းချမ်းစေဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Baby Maung’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *