နွေဦးတော်လှန်ရေး မှာ နောက်မျိုး ဆက်တွေ အတွက် ဇွဲမလျော့ပဲ နေ့စဉ် အားသွန် ခွန်စိုက် ကြိုးစား လုပ်ဆောင် နေတဲ့ ပိုပို

Posted on

ပရိသတ်ကြီးရေ…..အမျိုးသမီး တေးသံရှင် ပိုပိုကတော့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ သီချင်းကောင်း များစွာကို သီဆိုထားတဲ့ အပြင် သူမရဲ့ သီချင်းခွေတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ပိုပိုဟာ သီချင်းအသစ်တွေကို ဆက်လက် ဖန်တီးနေတာ ဖြစ်ပြီး ဂီတလောက မှာ နာမည်တစ်လုံး နဲ့ ကျော်ကြားနေ တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမက ပြည်သူထဲက ပြည်သူတစ်ယောက် ပဲမို့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင် အားဖြည့်နေတာ ပဲဖြစ်ပါတယ်။

ပြည်သူတွေကလည်း မိမိတတ်နိုင်တဲ့ဘက်ကနေ နေ့တိုင်း လမ်းမ ပေါ် ထွက်ကာ အားကြိုးမာန်တတ် နဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော် ပြသနေတာလည်း ဖြစ်ပါတယ်။ အလှူရှင်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကာ ပြည်သူတွေကို လိုအပ်တဲ့ အစားအသောက်တွေ နဲ့ ကာကွယ်ရေး ပစ္စည်းတွေကို လိုက်လံ လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။အခုလို ဖြစ်နေတဲ့ အချိန် တွင် ပိုပိုကလည်း သူမတတ်နိုင် တဲ့ အားနဲ့ ကူညီစောင့်ရှောက်ပေးနေတဲ့ အပြင် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့
တစ်ပြေးညီ မျှဝေပေးနေတာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုပိုက သွေးမအေးပဲ လမ်းမ ပေါ်တွင် ပြည်သူ ပရိသတ်တွေနဲ့ အတူ ပါဝင် လုပ်ဆောင်နေတာကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “နောက်မျိူးဆက်မှာ မတရားမှုကို မကြုံတွေ့စေချင်တော့”ဆိုတဲ့ စာသားနဲ့ အတူ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ ကလည်း ပိုပိုရဲ့ ဇွဲမလျော့ပဲ ဆက်လက်ချီတတ်နေတဲ့ စိတ်ဓာတ် နဲ့ ခွန်အားကို လေးစားဂုဏ်ယူလိမ့်မှာ အမှန်ပဲမို့ ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Po Po FB Page

Leave a Reply

Your email address will not be published. Required fields are marked *