နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ကနေ စတင်ပြီး ရဲရင့် သတ္တိ နဲ့ ခွန်အားအပြည့်ရှိတာကို ပြသဖို့ လိုကြောင်း တိုက်တွန်း နှိုးဆော်လိုက်တဲ့ ဟန်လင်း

Posted on

တက်သစ်စ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာ လမ်းကြောင်းမှာ လျှောက် လှမ်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ဖြည်းဖြည်းချင်း ရရှိလာသူကတော့ ဟန်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ် ရက်ဆက် ဆန္ဒပြပွဲ တွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပါ။

အခုလက်ရှိမှာတော့ Gen-Z Burma အဖွဲ့ဝင်တစ်ချို့နဲ့ ထိုင်းနိုင်ငံ နယ်စပ်ကို ရောက် ရှိနေကြတာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့နေရာကနေ တော်လှန်ရေးအတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ပေးနေတဲ့ ဟန်လင်းကိုတော့ ပရိသတ်တွေက လေးစားနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်း လောက် ကလည်း ဟန်လင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကနေ စတင်ပြီး ရဲရင့်သတ္တိနဲ့ခွန်အားအပြည့်ရှိတာကို ပြသဖို့လိုကြောင်း တိုက်တွန်းနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။

သူကလည်း ” နွေဦးတော် လှန်ရေး ဒုတိယလှိုင်း

အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်ကနေ

အပြီးအပိုင် အမြစ်ဖြုတ်တွန်းလှန် ခဲ့တဲ့ နောက်ဆုံးမျိုးဆက်ဟာ

ကျွန်တော်တို့ မျိုးဆက်ပဲဖြစ်ရမယ်

ဒါ့ကြောင့် မနက်ဖြန် မေလ ၁ ရက်နေ့ကစပြီး

အင်အားကြီးလာမည့်

နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ကနေ

ခွန်အားအပြည့် သတိရှိစွာနဲ့ သတ္တိရှိရှိ ရဲရင့်ကြောင်းကို

ပြသဖို့ တိုက်တွန်း နှိုးဆော်ပါတယ်ခင်ဗျား

“အရေးတော်ပုံအောင်ရမည်” 💪🏻” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ အနုပညာရှင် များကလည်း လူထုလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ပြည်သူတွေအနေနဲ့အားတက်စရာပါပဲ။ လမ်းပေါ်ထွက်ကာ ဆန္ဒ ထုတ်ဖော်ကြတဲ့ အခါမှာလည်း သတိရှိစွာဖြင့် သွားလာကြဖို့လည်း သတိပေးလိုက်ပါရစေနော်။

Source and Photo Crd-Han Lin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *