နွေဦးတော်လှန်ရေးမှာ ကြွေလွင့် သွားတဲ့ သူရဲကောင်း ညီညီ ရဲ့ နှစ်လပြည့် မှာ မိသားစုမှ ကောင်းမှု ကုသိုလ် များစွာပြုပေးခဲ့တဲ့ ပုံရိပ်များ

Posted on

ခုဆိုရင်မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေး သွားကြတဲ့ သူရဲကောင်း တွေ (၇၀၀) ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ကြွေလွင့်သွား တဲ့ သူရဲကောင်းကိုယ်စီကို ပြည်သူအားလုံးက ဒီနေ့ထိမမေ့ဘဲဆုတောင်းပေးခြင်းတွေအပြင် လှုပ်ရှားမှုမျိုးစုံနဲ့ ဂုဏ်ပြုဆန္ဒထုတ်ဖော်ပေးမှု တွေကို နေရာအနှံအပြားမှာ ညီညီညွတ်ညွတ် ပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။

ဒီလိုသူရဲကောင်းတွေထဲမှာမှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့ လှည်းတန်း ကျောင်းရှေ့မှတ်တိုင်နားမှာ ကျဆုံး သွား ခဲ့တဲ့ သူရဲကောင်းညီညီကို အားလုံးက အမှတ်ရနေကြဆဲ ဖြစ်ပါတယ် ။ ညီညီကတော့ အစ်ကိုဖြစ်သူနဲ့အတူ လူထု လှုပ်ရှား မှုတွေမှာ ပါ ဝင်ရင်း လူစုခွဲသွားတဲ့အချိန် မှာပဲ ကျည်ထိမှန်ပြီး စာသင်ကျောင်းအရှေ့မှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ပြည်သူအားလုံးကလည်း မိသားစုနဲ့ထပ် တူဝမ်းနည်းကြေကွဲခဲ့ရတာလည်းဖြစ်ပါတယ်။

ဧပြီလ (၂၈) ရက်နေ့မှာတော့ ညီညီ ကွယ်လွန်တာ (၂) လပြည့်ခဲ့ပြီဖြစ်ရာ သက်ဆိုင်ရာ မိသားစုတွေက ညီညီအားရည်စူးပြီး ကောင်းမှုကုသို လ် များ စွာ ပြုလုပ်ပေးခဲ့တာကိုတွေ့မြင်ရပါတယ်။ဒါ့အပြင် ညီညီအတွက် အမှတ်တရ ရေးပေးကြတဲ့ ပြည်သူတွေရဲ့ စာလေးကိုလည်းဖော် ပြထားပါသေးတယ်။ ပရိသတ်ကြီးအတွက် အလှူပုံရိပ်တွေကိုပြန်လည်ဝေမျှပေးရင်း ညီညီလည်း ကောင်းရာမွန်ရာ ဘဝမှာ ပျော်ရွှင်ပါစေဆု တောင်းပေးလိုက်ပါတယ်။

crd

zawgyi

ခုဆိုရင္ျမန္မာႏိုင္ငံရဲ႕ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အသက္ေပး သြားၾကတဲ့ သူရဲေကာင္း ေတြ (၇၀၀) ေက်ာ္ရွိခဲ့ၿပီျဖစ္ပါတယ္။ ေႂကြလြင့္သြား တဲ့ သူရဲေကာင္းကိုယ္စီကို ျပည္သူအားလုံးက ဒီေန႔ထိမေမ့ဘဲဆုေတာင္းေပးျခင္းေတြအျပင္ လႈပ္ရွားမႈမ်ိဳးစုံနဲ႔ ဂုဏ္ျပဳဆႏၵထုတ္ေဖာ္ေပးမႈ ေတြကို ေနရာအႏွံအျပားမွာ ညီညီၫြတ္ၫြတ္ ျပဳလုပ္လ်က္ရွိတာကို ေတြ႕ျမင္ရပါတယ္။

ဒီလိုသူရဲေကာင္းေတြထဲမွာမွ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႔က ရန္ကုန္ၿမိဳ႕ လွည္းတန္း ေက်ာင္းေရွ႕မွတ္တိုင္နားမွာ က်ဆုံး သြား ခဲ့တဲ့ သူရဲေကာင္းညီညီကို အားလုံးက အမွတ္ရေနၾကဆဲ ျဖစ္ပါတယ္ ။ ညီညီကေတာ့ အစ္ကိုျဖစ္သူနဲ႔အတူ လူထု လႈပ္ရွား မႈေတြမွာ ပါ ဝင္ရင္း လူစုခြဲသြားတဲ့အခ်ိန္ မွာပဲ က်ည္ထိမွန္ၿပီး စာသင္ေက်ာင္းအေရွ႕မွာ က်ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ျပည္သူအားလုံးကလည္း မိသားစုနဲ႔ထပ္ တူဝမ္းနည္းေၾကကြဲခဲ့ရတာလည္းျဖစ္ပါတယ္။

ဧၿပီလ (၂၈) ရက္ေန႔မွာေတာ့ ညီညီ ကြယ္လြန္တာ (၂) လျပည့္ခဲ့ၿပီျဖစ္ရာ သက္ဆိုင္ရာ မိသားစုေတြက ညီညီအားရည္စူးၿပီး ေကာင္းမႈကုသို လ္ မ်ား စြာ ျပဳလုပ္ေပးခဲ့တာကိုေတြ႕ျမင္ရပါတယ္။ဒါ့အျပင္ ညီညီအတြက္ အမွတ္တရ ေရးေပးၾကတဲ့ ျပည္သူေတြရဲ႕ စာေလးကိုလည္းေဖာ္ ျပထားပါေသးတယ္။ ပရိသတ္ႀကီးအတြက္ အလႉပုံရိပ္ေတြကိုျပန္လည္ေဝမွ်ေပးရင္း ညီညီလည္း ေကာင္းရာမြန္ရာ ဘဝမွာ ေပ်ာ္႐ႊင္ပါေစဆု ေတာင္းေပးလိုက္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *