နွေဦးတော် လှန်ရေးမှာ ကျဆုံးသွား တဲ့ ပြည်သူ့ သူရဲကောင်း တွေ အတွက် သူငယ် ချင်းတွေ နဲ့အတူ သွားရောက် လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

Posted on

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ​ပြောင်းလဲ ခဲ့တဲ့ အခြေအနေတွေ မှာ ပြည်သူတွေ နဲ့အတူ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပါ။ ရင်ထဲက ဆန္ဒအမှန်နဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေ စုပေါင်းပြုလုပ်တဲ့ လူထုလှုပ် ရှားမှုကြီးမှာလည်း ဆောင်းယွန်းက လမ်းပေါ်ထွက်ကာ သူမကိုယ်တိုင် ပါဝင်ခဲ့ပါသေးတယ်။

ဒါ့အပြင် လူထုလှုပ်ရှားမှုမှာ အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေ ရဲ့ မိသားစုတွေထံ အလှူငွေပေးအပ် လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။ ဆောင်းယွန်းက ဒီကနေ့ မတ်လ ၂၅ရက်နေ့မှာလည်း ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး အလှူဒါနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ နွေဦးတော်လှန်ရေး မှာ ကျဆုံးသွားခဲ့တဲ့ အသက် ၁၅နှစ်အရွယ် သမီးလေးရဲ့ အိမ်ကို သွားရောက်ကာ ငွေကြေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူ ကျန်ရစ်သူ မိသားစုထံ အလှူငွေ ပေးအပ်ခဲ့တဲ့ ပုံတွေ ကို တင်ပေးလာရင်း ဆောင်းယွန်းစံက ” နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော သူရဲကောင်းများအတွက် ဆောင်းယွန်းတို့ သူငယ်ချင်းတွေ တတ်နိုင်သလောက်လေးလှူဒါန်းခဲ့ပါတယ် တူတူလှူဒါန်းပေးကြတဲ့ သူများ အားလုံးကိုလဲ ကျေးဇူးပါရှင့် ” ဆိုပြီး သူမရဲ့ Facebook Account ထက်မှာ တင်ပေးလာခဲ့တာပါ။ အခုလို အခြေအနေမျိုးမှာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီနေတဲ့ ဆောင်းယွန်းတို့ သူငယ်ချင်းရဲ့ ပုံတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Saung Yoon San’s FB account

zawgyi

သ႐ုပ္ေဆာင္ ေဆာင္းယြန္းစံကေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ကတည္းက ​ေျပာင္းလဲ ခဲ့တဲ့ အေျခအေနေတြ မွာ ျပည္သူေတြ နဲ႔အတူ ရပ္တည္ေနခဲ့တဲ့ သူတစ္ေယာက္ပါ။ ရင္ထဲက ဆႏၵအမွန္နဲ႔ တရားမွ်တမႈကို လိုလားတဲ့ ျပည္သူေတြ စုေပါင္းျပဳလုပ္တဲ့ လူထုလႈပ္ ရွားမႈႀကီးမွာလည္း ေဆာင္းယြန္းက လမ္းေပၚထြက္ကာ သူမကိုယ္တိုင္ ပါဝင္ခဲ့ပါေသးတယ္။

ဒါ့အျပင္ လူထုလႈပ္ရွားမႈမွာ အသက္ေပးကာ က်ဆုံးခဲ့ရတဲ့ ျပည္သူ႔ သူရဲေကာင္းေတြ ရဲ႕ မိသားစုေတြထံ အလႉေငြေပးအပ္ လႉဒါန္းတာကိုလည္း ေတြ႕ရပါတယ္။ ေဆာင္းယြန္းက ဒီကေန႔ မတ္လ ၂၅ရက္ေန႔မွာလည္း ခင္မင္ရင္းႏွီးရတဲ့ သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းၿပီး အလႉဒါနတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ ဒါကေတာ့ ေႏြဦးေတာ္လွန္ေရး မွာ က်ဆုံးသြားခဲ့တဲ့ အသက္ ၁၅ႏွစ္အ႐ြယ္ သမီးေလးရဲ႕ အိမ္ကို သြားေရာက္ကာ ေငြေၾကးနဲ႔ လိုအပ္တဲ့ ပစၥည္းေတြ လႉဒါန္းေပးအပ္ခဲ့တာျဖစ္ပါတယ္။

သူငယ္ခ်င္းေတြနဲ႔အတူ က်န္ရစ္သူ မိသားစုထံ အလႉေငြ ေပးအပ္ခဲ့တဲ့ ပုံေတြ ကို တင္ေပးလာရင္း ေဆာင္းယြန္းစံက ” ေႏြဦးေတာ္လွန္ေရးတြင္က်ဆုံးသြားေသာ သူရဲေကာင္းမ်ားအတြက္ ေဆာင္းယြန္းတို႔ သူငယ္ခ်င္းေတြ တတ္ႏိုင္သေလာက္ေလးလႉဒါန္းခဲ့ပါတယ္ တူတူလႉဒါန္းေပးၾကတဲ့ သူမ်ား အားလုံးကိုလဲ ေက်းဇူးပါရွင့္ ” ဆိုၿပီး သူမရဲ႕ Facebook Account ထက္မွာ တင္ေပးလာခဲ့တာပါ။ အခုလို အေျခအေနမ်ိဳးမွာ တတ္ႏိုင္တဲ့ဘက္ကေန အားျဖည့္ကူညီေနတဲ့ ေဆာင္းယြန္းတို႔ သူငယ္ခ်င္းရဲ႕ ပုံေတြကို ကူးယူေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit – Saung Yoon San’s FB account

Leave a Reply

Your email address will not be published. Required fields are marked *