နံနက်စောစော မှာ တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့ကို သွားပြီး ပရိတ်ရွတ်၊မေတ္တာပို့နေတဲ့ သင်ဇာဝင့်ကျော်

Posted on

ပြည်သူချစ် မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာဝင့်ကျေ ာ်ကတော့ ပရိသတ်တွေအားပေး ရကျိုးနပ်လောက်အောင်ယခုလိုအချိန်မျိုးမှာ ပြည်သူနဲ့အတူ တစ်ဘက်တည်းရပ်တည်နေတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်က အခုလိုအခြေအနေမှာတော့ နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင် သူမကိုချစ်တဲ့ပရိသတ်တွေ နဲ့ လမ်းပေါ်တွေတဲ့အခါမှာလည်း ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဖော်ရွေစွာပြုံးပြတာဖြစ်ပါတယ်နော်။ သင်ဇာကတော့ ပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး တတ်နိုင်တဲ့ဘက်ကနေပါဝင်နေတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်တို့အုပ်စုကလည်း ပြည်သူလူထုအတွက် စားစရာတွေ နဲ့ရေသန့်ဘူးတွေကို တစ်နိုင်တစ်ပိုင် လှူဒါန်းလိုက်သေးတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ ဆိုင်းဘုတ်ကြီးကိုင်ပြီး လူအုပ်ကြားထဲမှာ ရဲရင့်ပြတ်သားစွာနဲ့သူမခံယူချက်ကို နေ့စဉ်ရက်ဆက်ထုတ်ဖော်နေတာ ဖြစ်ပါတယ်နော်။ပြည်သူလူထုကလည်း အနုပညာရှင်တွေကအခုလို မျိုးတက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေဦးဆောင်နေကြလို့ ပိုပြီးအားတက်နေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေကတော့ ပြည်သူလူထုနဲ့အတူ မမောမပန်းနိုင်ဘဲ နေ့တိုင်းလမ်းပေါ်ထွက်ပြီးလှုပ်ရှားနေကြတာဖြစ်ပါတယ်နော်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော် က မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့သို့ သွားရောက်ပြီး ပရိတ်ရွတ်၊မေတ္တာပို့နေကြတာဖြစ်ပါတယ်။သင်ဇာတို့ကတော့ မိမိတတ်နိုင်တဲ့ဘက်ကနေ အကူအညီလေးတစ်ခုခု ရလိုရငြားနဲ့ကြိုးစား အားထုတ်နေကြတာဖြစ်ပါတယ်။ မနက်စောစောမှာ တည်ငြိမ်အေးချမ်းစွာနဲ့ ကုသိုလ်၊ကောင်းမှူတွေပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Myanmarload TV

Leave a Reply

Your email address will not be published. Required fields are marked *