နေ့မနား ညမနား ရှာပြီး ချွေးနည်းစာ ငွေကြေးတွေ နဲ့ ဝယ်ထားတဲ့ ကားကို ရောင်းကာ ပြည်သူတွေအတွက် အကုန်ပြန်လှူမယ့် စူးရှထက်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှု တွေ အခိုင်အမာ ရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် စူးရှထက်ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ပြည်သူအားလုံး စည်းလုံးစွာပြုလုပ်ကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ် ထွက်လှုပ်ရှားမှုတွေအပြင် အလှူအတန်းတွေလည်း ဆက်တိုက်ပြုလုပ်နေပြီး တတ်နိုင်တဲ့ဘက်ကနေ အဖက်ဖက်က အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

အလှူရှင်တွေနဲ့စုပေါင်းလှူဒါန်းမှုတွေ အပြင် သူမရဲ့ချွေးနည်းစာ ငွေကြေးတွေ နဲ့လည်း တစ်ဦးတည်းလှူဒါန်းမှုတွေပြုလုပ်နေတဲ့ စူးရှထက် ကတော့ အခုတစ်ခါမှာလည်း သူမရဲ့ကားကိုရောင်းပြီး ထပ်မံလှူသွားဦးမယ့်အကြောင်းတွေကို ပြောပြ လာပါတယ်..။

နေ့မနားညမနားရှာဖွေစုဆောင်းပြီး ချွေးနည်းစာ ငွေကြေးတွေနဲ့ ဝယ်ထားတဲ့ ကားကိုပြန်ရောင်းကာ ရရှိတဲ့ငွေ အားလုံးကို လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထပ်မံကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်..။

“အလှူပုံတွေ မတင်တော့ပါဘူး

စိတ်ပူပေးကြတဲ့သူတွေကိုလဲ ကျေးဇူး တင်ပါတယ်

နေ့မနားညမနားဈေးရောင်း လို့ရတဲ့ပိုက်ဆံလေးနဲ့

ကားဝယ်ခဲ့တယ် အဲ့ကားလေးရောင်းလို့ ရတဲ့ငွေကို

အကုန်လှူမယ် ကျွန်မကို ထမင်းကျွေးထားတဲ့ ပြည်သူတွေ

ကျွန်မတတ်နိုင်သလောက် ပြန်ကူညီပါ့မယ်

ကတိပေးပါတယ်🙏🙏🙏..” ဆိုပြီး စူးရှထက်က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

ရှိတာတွေရောင်းချပြီး ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံးကြိုးစားလှူဒါန်းနေတဲ့ စူးရှထက်ရဲ့ စိတ်သဘောထားတွေကိုလည်း အားလုံးကချီးကျူးကာ အားပေးစကားတွေလည်းပြောထားကြတာ ဖြစ်ပါတယ်..။

Photo Credit – Zar Chi’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *