နေ့ဘက်တွေမှာ လူထုလှုပ်ရှားမှု ကြိုးစား ပြုလုပ် ရုံသာမက ညအထိပါ ရပ်ကွက် ထဲမှာ ကင်းစောင့်ပေးနေတဲ့ ပိုပို

Posted on

လတ်တလောမြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ် ထင်ပါတယ်နော်…..။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေ အတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

အခုလိုတက်ကြွစွာပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာ ဆိုရင် ပိုပို တစ်ယောက်လည်း အားတက်သရောပါ၀င်နေတာဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီနေတာဖြစ်ပါတယ်။ ပိုပိုဟာကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုကြီးမှာပါ၀င်နေသလို တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်းလုပ်ဆောင်ပေးနေတာ ဖြစ်ပြီး ညအထိပါ ကင်းစောင့်ပေးနေတာလည်းတွေ့ရပါတယ်။

ဒီအကြောင်းအရာလေးကို ပိုပိုဟာသူမ ရဲ့ Facebookစာမျက်နှာမှာ “ပန်းခြံထဲက မြက်ခင်းတွေ ခွေးလေးတွေ ဝင်နင်းမှာစိုးလို့ ပန်းခြံထဲ ကင်းစောင့်နေတာ 🙄 (ကင်းသမားတွေဆီက မုန့်လုစားဖို့ ရောက်ရှိ)…” ဆိုပြီးရေးသားကာ ပုံတွေ တင်ပေးလာခဲ့ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-၀တ်ရည်မိုး’s Facebook acc

zawgyi





Leave a Reply

Your email address will not be published.