နေ့တိုင်း အပင်ပန်းခံကာ လူထုလှုပ်ရှားမှု မှာ ပါဝင်ပြီး သူမ ရဲ့ ခံစားချက် အစစ်အမှန် နဲ့ လေးလေး နက်နက် တောင်းဆို နေရှာတဲ့ ခင်ဝင့်ဝါ

Posted on

မင်းသမီးချောလေး ခဝ်ဝင့်ဝါကတော့ အောင်မြင်လျက် ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ရုပ်တိုင်း မှာ အကောင်းဆုံး နဲ့အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူလေးဖြစ်ကာ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ခေးလေး လို့ ခေါ်နေကြတဲ့ သူမကတော့ ပုရိသတွေရဲ့ အချစ်တော်လေးလို့ ပြောလို့ရပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေအပြင် ဇာတ်ကားတွေ ကိုလည်း ရိုက်ကူးလျက် ရှိတာတွေ့ရပါတယ်။

လတ်တလောမှာ တော့ ခင်ဝင့်ဝါက ပြည်သူ့ပရိသတ်တွေနဲ့ အတူ တိုင်းပြည်ရဲ့အနာဂါတ်ကို အကောင်းဆုံး ဖြစ်အောင် ရည်ရွယ်ပြီး လူထုလှုပ်ရှားမှုတွေမှာ နေ့စဉ်တိုင်း တက်တက်ကြွကြွနဲ့ ပါဝင်နေတာကိုလည်း တွေ့မြင်ရပါတယ်။အခုလည်း အချိန်အတော်ကြာအောင် နေပူထဲမှာရပ်ပြီး အရေးတော်ပုံအောင်နိုင်ရေးနဲ့ CDM မှာပါဝင်ပေးကြရန် ပြည်သူလူထုနဲ့အတူ လေးလေးနက်နက်တောင်းဆိုရင်း လှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ခင်ဝင့်ဝါကတော့ ပြည်သူတွေ နဲ့အတူ ရပ်တည်ရင်း မမောနိုင်မပန်းနိုင် လှုပ်ရှားပါဝင်နေတဲ့ ပုံလေးတွေနဲ့အတူ “ကဲ ဒီနေ့ ကျွန်မတို့တတွေ ကောက်ရိုးမီး မဟုတ်ကြောင်း သက်သေပြကြရအောင် ကျွန်မတို့ အားလုံး ညီစေနော် “ဆိုတဲ့စာလေးကိုပါ ရေးသားဝေမျှထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ လှုပ်ရှားမှုပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Source & Photo Credit : Khin Wint Wah Facebook Page

zawgyi

မင္းသမီးေခ်ာေလး ခဝ္ဝင့္ဝါကေတာ့ ေအာင္ျမင္လ်က္ ရွိေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ပါဝင္တဲ့ ဇာတ္႐ုပ္တိုင္း မွာ အေကာင္းဆုံး နဲ႔အပီျပင္ဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့သူေလးျဖစ္ကာ ပရိသတ္ေတြ ရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ အႏုပညာရွင္ တစ္ေယာက္ပဲျဖစ္ပါတယ္။ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခးေလး လို႔ ေခၚေနၾကတဲ့ သူမကေတာ့ ပုရိသေတြရဲ႕ အခ်စ္ေတာ္ေလးလို႔ ေျပာလို႔ရၿပီး ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြအျပင္ ဇာတ္ကားေတြ ကိုလည္း ႐ိုက္ကူးလ်က္ ရွိတာေတြ႕ရပါတယ္။

လတ္တေလာမွာ ေတာ့ ခင္ဝင့္ဝါက ျပည္သူ႔ပရိသတ္ေတြနဲ႔ အတူ တိုင္းျပည္ရဲ႕အနာဂါတ္ကို အေကာင္းဆုံး ျဖစ္ေအာင္ ရည္႐ြယ္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ေန႔စဥ္တိုင္း တက္တက္ႂကြႂကြနဲ႔ ပါဝင္ေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။အခုလည္း အခ်ိန္အေတာ္ၾကာေအာင္ ေနပူထဲမွာရပ္ၿပီး အေရးေတာ္ပုံေအာင္ႏိုင္ေရးနဲ႔ CDM မွာပါဝင္ေပးၾကရန္ ျပည္သူလူထုနဲ႔အတူ ေလးေလးနက္နက္ေတာင္းဆိုရင္း လႈပ္ရွားမႈေတြ ျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ခင္ဝင့္ဝါကေတာ့ ျပည္သူေတြ နဲ႔အတူ ရပ္တည္ရင္း မေမာႏိုင္မပန္းႏိုင္ လႈပ္ရွားပါဝင္ေနတဲ့ ပုံေလးေတြနဲ႔အတူ “ကဲ ဒီေန႔ ကြၽန္မတို႔တေတြ ေကာက္႐ိုးမီး မဟုတ္ေၾကာင္း သက္ေသျပၾကရေအာင္ ကြၽန္မတို႔ အားလုံး ညီေစေနာ္ “ဆိုတဲ့စာေလးကိုပါ ေရးသားေဝမွ်ထားတာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခင္ဝင့္ဝါရဲ႕ လႈပ္ရွားမႈပုံေလးေတြကို ၾကည့္ရႈႏိုင္ေစရန္ ျပန္လည္ေဝမွ်ေပး လိုက္ပါတယ္။

Source & Photo Credit : Khin Wint Wah Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *