နေ့စဉ် တိုင်း GENXYZ တွေ စုပေါင်းကာ ပုံစံ မျိုးစုံ နဲ့ ဆန္ဒ ဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြတဲ့ မန္တလေး သပိတ် စစ်ကြောင်း

Posted on

မြန်မာနိုင်ငံရဲ့နေရာတိုင်းမှာ ခုဆိုရင် အရင်လိုငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခွင့်တွေမရတော့ဘဲ ဖြိုခွင်းမှုတွေ အပစ်အခတ်တွေ ရှိလာတာကြောင့် လှုပ်ရှားမှုတွေမှာ လူအင်အားနည်းလာတာတွေ့ရပါတယ်။ဒါပေမယ့်လည်း ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လူငယ် မျိုးဆက်သစ်တွေကတော့ ဒီနေ့ထိ လှုပ်ရှားမှုမျိုးစုံကို သူတို့ နေထိုင်ရာ မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲပါ။

တစ်ရက်ပြီးတစ်ရက် လှုပ်ရှားမှုများစွာကို နည်းမျိုးစုံသုံးကာ နေ့ရော ညပါ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဆန္ဒ ထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထစရာမြင်ကွင်းတွေပါပဲနော်။အခုလည်း မန္တလေးက GenXYZ တွေစုပေါင်းပြီး အလံများကိုင်ဆောင်ကာ လမ်းလျှောက် သပိတ်ကိုလှုပ်ရှားခဲ့ကြသလို တစ်ချို့ကလည်း ဆိုင်ကယ်များ မောင်နှင်းရင်း သပိတ်စစ်ကြောင်း မျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာကို တွေ့ရပါတယ်။

နေ့စဉ်တိုင်း ရပ်ကွက်အသီးသီးက သပိတ် စစ်ကြောင်းတွေ ထွက်လာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကြည့်ပြီး လေးစားမိတာအမှန်ပါပဲနော်။ မန္တလေး သပိတ်စစ်ကြောင်းရဲ့ ပုံရိပ်တွေကို မျှဝေပေးရင်း ပြည်သူအားလုံး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Original Uploder

zawgyi

ျမန္မာႏိုင္ငံရဲ႕ေနရာတိုင္းမွာ ခုဆိုရင္ အရင္လိုၿငိမ္းခ်မ္းစြာ ဆႏၵ ထုတ္ေဖာ္ခြင့္ေတြမရေတာ့ဘဲ ၿဖိဳခြင္းမႈေတြ အပစ္အခတ္ေတြ ရွိလာတာေၾကာင့္ လႈပ္ရွားမႈေတြမွာ လူအင္အားနည္းလာတာေတြ႕ရပါတယ္။ဒါေပမယ့္လည္း ဘယ္လို အခက္အခဲေတြပဲ ရွိေနပါေစ လူငယ္ မ်ိဳးဆက္သစ္ေတြကေတာ့ ဒီေန႔ထိ လႈပ္ရွားမႈမ်ိဳးစုံကို သူတို႔ ေနထိုင္ရာ ၿမိဳ႕နယ္အသီးသီးမွာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေနဆဲပါ။

တစ္ရက္ၿပီးတစ္ရက္ လႈပ္ရွားမႈမ်ားစြာကို နည္းမ်ိဳးစုံသုံးကာ ေန႔ေရာ ညပါ ျပည္သူေတြ ညီညီၫြတ္ၫြတ္နဲ႔ ဆႏၵ ထုတ္ေဖာ္ေနၾကတာ တကယ္ကို ၾကက္သီးထစရာျမင္ကြင္းေတြပါပဲေနာ္။အခုလည္း မႏၲေလးက GenXYZ ေတြစုေပါင္းၿပီး အလံမ်ားကိုင္ေဆာင္ကာ လမ္းေလွ်ာက္ သပိတ္ကိုလႈပ္ရွားခဲ့ၾကသလို တစ္ခ်ိဳ႕ကလည္း ဆိုင္ကယ္မ်ား ေမာင္ႏွင္းရင္း သပိတ္စစ္ေၾကာင္း မ်ိဳးစုံနဲ႔ ဆႏၵေဖာ္ထုတ္ခဲ့ၾကတာကို ေတြ႕ရပါတယ္။

ေန႔စဥ္တိုင္း ရပ္ကြက္အသီးသီးက သပိတ္ စစ္ေၾကာင္းေတြ ထြက္လာၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြ လုပ္ေဆာင္ေနၾကတယ္လို႔လည္းေဖာ္ျပထားတာေတြ႕ရပါတယ္။ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူေတြရဲ႕ပုံရိပ္ေတြၾကည့္ၿပီး ေလးစားမိတာအမွန္ပါပဲေနာ္။ မႏၲေလး သပိတ္စစ္ေၾကာင္းရဲ႕ ပုံရိပ္ေတြကို မွ်ေဝေပးရင္း ျပည္သူအားလုံး ေအးခ်မ္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *