နောက်ထပ် အိမ်ထောင်စုတွေ ကို ထောက်ပံ့ ပေးရန် အ လှူငွေများထပ်မံ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်း ဆိုလိုက်တဲ့ ဝေဠုကျော်

Posted on

သရုပ်ဆောင် ဝေဠုကျော်ကတော့ နှစ်ပေါင်း များစွာ အနုပညာ အလုပ်တွေ ကို ဝါသနာအရင်းခံပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများ စွာ ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိ မှာတော့ သရုပ်ဆောင်အလုပ်ကို ခေတ္တစွန့်လွှတ်ကာ ပရဟိတလုပ်ငန်းတွေကို အစွမ်းကုန် ကူညီ လုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ သူ့ကိုယ်ပိုင်ဖောင်ဒေးရှင်းတည်ထောင်ကာ တစ်နိုင်ငံလုံးက အကူညီလိုအပ်တဲ့ နေရာတိုင်း ကို သွားရောက် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း အလှူရှင်များရဲ့ လှူဒါန်းငွေများဖြင့် စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စုတွေကိုကိုယ်စား သွားရောက် လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ နောက်ထပ် ကူညီဖို့ နေရာတွေ ကျန်ရှိနေပြီး အလှူငွေလက်ကျန်မှာ နည်းနေတာမို့ ဝိုင်းဝန်း လှူဒါန်းပေးကြရန် မကြာသေးခင် နာရီပိုင်းလောက်က ဝေဠုကျော်ဖောင်ဒေးရှင်း ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

သူကလည်း “24-4-2021ဆန် ဆီ အလှူပစ္စည်းတွေ ထပ်ဖြည့်ထားပါပြီ။လှူရမယ့် အမှန် တကယ်လိုအပ်နေတယ့် အိမ်တွေ လိုက်ကြည့်တာရယ် ကားတွေ ကျန်းမာရေးမကောင်းတာရယ် အိမ်ဆောက် အလှူအတွက် စီစဥ်ရတာရယ်နဲ့ ၅ရက်လောက် အလှူဟသွားပါတယ်။ အလှူလ က် ကျန်ငွေလည်း ကုန်ခါနီးပါပြီ။

မိသားစု ၂၀၀၀ ပြည့်ခါနီး လို့ မိသားစု ၃၀၀၀ ဆီ အရောက်ပို့လှူဖို့ လှူပေးကြပါဦး။ဒီတစ်ခါ လှူရင် မိုးရာသီရောက်ခါနီးလို့ အမိုးအကာတွေ မမိုးမကာနိုကြတယ့် အိမ်လေးတွေ အတွက်ပါ အမိုးအကာတွေ တတ်နိုင်သလောက် လှူပေးသွားပါမယ်။ စားသောက်ဖို့ ပြီးတော့ လုံခြုံနွေးထွေးစွာ နေထိုင် နိူင်ရေးပေါ့။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K pay)(U Soe Thein)

09455500014

09776089484(Wave) ” ဆိုပြီး လှူဒါန်းနိုင်တယ့် ဖုန်းနံပါတ်တွေပါ ရေးသားထားတာကြောင့် လိုအကပ်တဲ့ နေရာတွေကို ကူညီပေးနိုင်ရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *