နေအပူချိန် ထက် ရင်ထဲ က အပူက ၂ဆ ပိုပြင်းတာမို့ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့် နဲ့ မမောနိုင်မပန်းနိုင် ပါဝင်နေခဲ့တဲ့ နန်းသူဇာ တို့စုံတွဲ

Posted on

ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင် ထားတဲ့ နန်းသူဇာ ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိနေတာဖြစ်ပါတယ်။ နန်းသူဇာ ကတော့ ချစ်သူကျော်ထွဋ်ဆွေနဲ့အတူ အချိန်အတော်ကြာလက်တွဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူမတို့စုံတွဲက တော့ အနုပညာလောကမှာလည်း ကိုယ်စီအောင်မြင်မှုတွေ ရရှိထားကြပါတယ်။

သူမတို့စုံတွဲကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပြီး စိတ်တူကိုယ်တူနဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။ နန်းသူဇာတို့စုံတွဲကတော့ လက်ရှိမှာဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ဆန္ဒနဲ့ ထပ်တူညီတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ နန်းသူဇာကတော့ ယခုမှာ နေအပူချိန်ထက် ရင်ထဲကအပူက၂ဆပိုပြင်းတာ မို့ လူထုလှုပ်ရှားမှုမှာ အားမာန်အပြည့်နဲ့ မမောနိုင် မပန်းနိုင်ပါဝင်နေခဲ့ပါတယ်။

နန်းသူဇာကတော့ ” နေပူထဲမှာ ထွက်ပျော်နေတာ မဟုတ်ဘူးအပြင်အပူထက် ရင်ထဲမှာ ၂ဆ ပိုပူနေလို့ ကိုယ်တွေရဲ့ အနာဂတ် ကိုယ်တွေလက်ထဲ မှာပဲ ရှိတယ်အရေးတော်ပုံ အောင်ရမည် သွေးမအေးနဲ့ နားနားပြီးထွက် ကျန်းမာရေးလဲ ဂရုစိုက် တကယ်ဆို Covid ကာကွယ်ဆေးတွေ ရောက်လို့ ပျော်ရမယ့်အချိန် လုပ်ရက်တယ် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှု မှာ အားမာန်အပြည့်နဲ့ပါဝင်နေကြတဲ့ နန်းသူဇာတို့စုံတွဲရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source: Nann Thuzar ‘ Facebook Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *