နေရပ်စွန့်ခွာ ခဲ့ရသော စစ်ဘေးရှောင် ကရင်တိုင်း ရင်းသားတွေ အတွက် ဒုတိယ အကြိမ်မြောက် လှူဒါန်းရန် ပြင်ဆင်နေတဲ့ ဆောင်းယွန်းစံ

Posted on

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ လက်ရှိမှာ အလှူအတန်းတွေ ပြုလုပ် နေရင်းနဲ့ ပြည်သူတွေ ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ၊ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ အလှူငွေထည့်ဝင် လှူဒါန်းမှုတွေစုပေါင်းကာ စားဝတ်နေရေး ခက်ခဲနေသူများ နဲ့ကျဆုံးသွားတဲ့ သူရဲကောင်းတို့ရဲ့ မိသားစုများထံသို့ သွား ရောက်ကာ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။

သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကိုလည်း ပရိသတ်တွေသာဓု ခေါ်ဆိုနိုင်ရန် ဆောင်းယွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှပေးနေတာပါ။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ Facebook အကောင့်တွင် နေရပ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင် ကရင်တိုင်းရင်းသားတွေအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းရန် ပြင်ဆင်နေကြောင်းကို ရေးသားထားတာပါ။ ပထမအကြိမ်တုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် အလှူငွေလှူဒါန်းပြီးပြီဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

” တစ်ဖက်က ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဆောင်းယွန်း တို့ရဲ့ ကချင်၊ ကရင် တိုင်းရင်းသား မိဘပြည်သူ​တွေဟာ ​နေရပ်ကို စွန့်ခွာပီး စစ်​ဘေးကို​ရှောင်တိမ်း​နေကြရပြန်ပါပြီ 😓

အသက်​ဘေးကို​ရှောင်တိမ်းဖို့အတွက်အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ​​အိုးအိမ်စွန့်ခွာခဲ့ရတဲ့မိသားစု​တွေ၊ က​လေးငယ်​ လေး​တွေ၊ သက်ကြီးရွယ်အို​​တွေကို​တွေ့တိုင်း ရင်ထဲကြေကွဲရပါတယ်..

ဆောင်းယွန်းတို့ရဲ့ သွေးချင်း​တွေ စစ်ရဲ့ခါးသီးမှု​တွေကို ခံစား ရတာ ဒီတစ်ကြိမ်​နောက်ဆုံးဖြစ်ပါ​စေ ဆု​တောင်းပါတယ် 😞🙏

ဒီချိန်မှာ ဆောင်းယွန်းတို့​တွေ ဒုတိယအကြိမ် စု​ပေါင်းလှူဒါန်းမှု​လေးအ​နေနဲ့ နေရပ်စွန့်ခွာ​ရှောင်တိမ်း​နေကြရတဲ့ကရင်တိုင်းရင်းသား စစ်​ဘေး​ရှောင်မိသားစု​တွေအတွက် အလှူ​ငွေ​လေး​ကောက်ခံချင်ပါတယ်ရှင်။

ကရင် စစ်​ဘေး​ရှောင်မိသားစုများထံကို သွား​ရောက်ကူညီလှူဒါန်းပေးမယ့် သူ​တွေရဲ့ post ​လေး​တွေ ​တွေ့ရင်လည်းcomment မှာ ​ပြခဲ့​ပေးပါ​ဦးနော်…

ဆောင်းယွန်းလည်း အတတ်နိုင်ဆုံး ကိုယ်တိုင်သွား​လှူနိုင်ဖို့အတွက်ကြိုးစားပါမယ်ရှင်…

(ဆောင်းယွန်းတို့လက်ရှိ အဆက်သွယ်ရထားသ​လောက်က စစ်​ဘေး​ရှောင်စခန်းရယ်လို့ သီးသီးသန့်သန့်မရှိ​သေးဘဲ​​မြေ​ကျင်း​တွေတူးပြီး​နေကြရတဲ့အတွက် သွား​​ရောက်ဖို့ အန္တရာယ်များတာမို့လို့ အ​ခြေ​နေအနည်းငယ်တည်ငြိမ်မှကိုယ်တိုင်သွားရောက်လှူဒါန်းခွင့်ပြုမယ်လို့သိရပါတယ်)

ဆောင်းယွန်းတို့ရဲ့ ပထမအကြိမ်စု​ပေါင်းလှူဒါန်းမှု​လေးမှာ​တော့ ကချင် စစ်​ဘေး​ရှောင်မိဘပြည်သူ​​တွေအတွက်လည်း လှူဒါန်း​ပေးနိုင်ခဲ့တာမို့ ပါဝင်လှူဒါန်း​ပေးကြတဲ့ ​ပရိတ်သတ်​မောင်နှမ​တွေကို​ကျေးဇူးတင်ပါရ​စေရှင် 🙏

ဆောင်းယွန်းတို့ ပြည်သူ​တွေမှာ ပြည်သူပဲရှိတာမို့ တစ်ဦးကို တစ်ဦး​ဖေးမရင်း ​စည်းစည်းလုံးလုံးနဲ့ အနိုင်ယူကြမယ်​နော်

ဆောင်းယွန်းတို့ရဲ့ တစ်နိုင်ငံလုံးက ​သွေးချင်း​တွေအားလုံးပဲ အားတင်းထားကြပါ…

ဆောင်းယွန်းတို့ပြည်သူ​တွေနိုင်​​တော့မှာပါ 💪❤” ဆိုပြီးရေးသား ထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိစေရန်ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Saung Yoon San’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *