နေမကောင်းတာ ရက် အတော် ကြာပြီ ဖြစ်သော်လည်း ဘုရား ရှိခိုးတိုင်း မြန်မာပြည်ကြီး ငြိမ်းချမ်း ဖို့ အမြဲ ဆုတောင်းပေးနေတဲ့ ပိုင်တံခွန်

Posted on

သရုပ်ဆောင် ပိုင်တံခွန် ကတော့ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေ ဘက်ကနေ မားမား မတ်မတ် ရပ်တည်ပေးနေ တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း နေ့စဉ်ရက်ဆက် မမောနိုင်မပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရုံ တင်မကဘဲ Defense Team က လူငယ်များ နဲ့ပါ ပူးပေါင်းပြီး ပြည်သူတွေကို ကာကွယ် ပေးနေတာကြောင့် ပရိသတ်တွေက ချီးကျူးနေကြတာပါ။

လတ်တလောမှာတော့ အခြေအနေ အရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင် နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မကြာခဏ ကျန်းမာရေးချူချာ တတ်တဲ့ ပိုင်တံခွန်အတွက် စိတ်ပူပေးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့ လူမှု ကွန်ယက် စာမျက်နှာတွင် လတ်တလေ ာမှာ ကျန်းမာရေးချူချာနေတာကြောင့် နေအမြန်ပြန်ကောင်းစေဖို့ ဆုတောင်း ပေးရန် ပရိသတ်တွေကို အားနာစွာဖြင့်တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

” ကျွန်တော် ကျန်းမာရေး မကောင်း ဖြစ်နေတာ

ရက် တော်တော်ကြာပါပြီ

မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု တွေရပြီး ကျန်းမာပါစေလို့ ကျွန်တော် ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေပါတယ်ခင်ဗျာ

အားနာစွာ နဲ့ပဲ ကျနော့်ကိုလည်း ကျန်းမာရေး အမြန်ဆုံး ကောင်းအောင် ဆုတောင်းပေး ပါခင်ဗျာ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် အမြန်ဆုံး ကျန်းမာပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပြန်လည်ပူးပေါင်းနိုင် ပါစေလို့ MyanmarLoad မိသားစုမှ ဆုတောင်းပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *