နေပူပူထဲမှာ စိတ်ဓာတ်ခွန်အား အပြည့် နဲ့ လှုပ်ရှားနေကြတဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး ကို ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ ဝေဠုကျော် တို့အဖွဲ့သားများ

Posted on

အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ပရဟိတ အလုပ်တွေကိုသာ စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဝေဠုကျေ ာ်ကတော့ ပရိသတ်တွေ လေးစားနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းက အကူအညီလိုအပ်တဲ့နေရာတိုင်းကို သွားရောက်ပြီး တတ်နိုင်သလောက် လှူဒါန်းကြတာဖြစ်ပါတယ်။ ဝေဠုကျော် တို့အဖွဲ့သားတွေကတော့ ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်တဲ့ စိတ်ထားလေးနဲ့ အကောင်းဆုံး ဖြစ်အောင် ကူညီဖေးမပေးကြတာဖြစ်ပါတယ်နော်။

ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ လက်ရှိ အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့ အတူ တစ်သားတည်း ပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း ကိုယ်တိုင်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကိုအားကြိုးမာန်တက်ကူညီပေးတာဖြစ်လို့ လေးစားဖို့ကောင်းတဲ့မင်းသား တစ်လက်ဖြစ် ပါတယ်နော်။(၂၂.၂.၂၀၂၁)ရက်နေ့ကဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေက နှစ်ဖွဲ့ခွဲပြီး လှည်းတန်းနဲ့ဆူးလေးကိုသွားရောက်ကာ ပြည်သူလူထုအတွက် အသင့်ရှိနေကြတာဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ နေပူထဲမှာ မပင်မပန်းဘဲ လှုပ်ရှားနေကြတဲ့ ပြည်သူတွေရဲ့ကျန်းမာရေ းကို ရှေးဦးသူနာပြုနည်းနဲ့ပြုစုပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်တို့ဖောင်ဒေးရှင်းရဲ့ လူနာတင်ယာဉ်တွေကလည်း လမ်းပေါ်မှာအဆင့်သင့်ရှိနေတာဖြစ်လို့ တစ်ခုခုဆိုရင် အမြန်ကယ်တင်နိုင်ပါတယ်နော်။ဝေဠုကျော်တို့ အဖွဲ့သားတွေက တက်ညီလက်ညီနဲ့ပြည်သူလူထုကို ကူညီ ဖေးမပေးနေတာဖြစ်လို့ ချီးကျူးစရာကောင်းလှပါတယ်။လူတန်းစားမခွဲခြားဘဲ ပြည်သူတိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပေးနေကြတဲ့ ဝေဠုကျော်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page

Leave a Reply

Your email address will not be published.