နေပူထဲ မှာ နိုင်ငံ အတွက် အပင်ပန်းခံ နေကြတဲ့ ပြည်သူတွေ ကို တက်နိုင် တဲ့ ဘက်ကနေ အလှူဒါနလေး ပြုလုပ်ပေးခဲ့တဲ့ လမင်းကဗျာ

Posted on

ဇာတ်ကားတစ်ကားဖြစ်မြောက်ရေးအတွက် ဇာတ်ဆောင်မင်းသား မင်းသမီးတွေ က အဓိက ကျသလို ဇာတ်ပို့သရုပ်ဆောင်တွေကလည်း အပါမဖြစ်တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာမှ လမင်းကဗျာကတော့ ပရိသတ်တွေ နဲ့ ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါ။ လမင်းကဗျာက ရုပ်ရှင် ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်လေ့ ရှိသူဖြစ်ပြီး Photo shooting တွေကိုရိုက်ကူးလေ့ရှိတာကို တွေ့ရ ပါတယ်။

ဒါ့အပြင် လမင်းကဗျာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ လမင်းကဗျာက ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာလှုပ်ရှားမှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းနေတာကို တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေထံ ဝေမျှလေ့ရှိတာ ဖြစ်ပါတယ်။

ယနေ့မှာလည်း လမင်းကဗျာက နေပူထဲမှာ အပင်ပန်းခံကာ နိုင်ငံအတွက် ကြိုးစား ရပ်တည်နေတဲ့ ပြည်သူတွေကို အလှူဒါနပြု လုပ်နေတာပဲ ဖြစ်ပါတယ်။ အလှူပြုနေတဲ့ ပုံလေးတွေအပြင် “ဒီနေ့လှည်းတန်းမှာ တက်နိုင်သလောက်လေးလှူဖြစ်တယ် လှူတဲ့သူတွေ များလိုက်တာ စတုဒီသာကျွေးနေသလိုပဲ ကျမ်းမာချမ်းသာကြပါစေ လိုရာဆန္ဒတွေလဲ အမြန်ဆုံးပြည့်ပါစေ🙏🏻” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit – Lamin Kabyar’s FB account

zawgyi

ဇာတ္ကားတစ္ကားျဖစ္ေျမာက္ေရးအတြက္ ဇာတ္ေဆာင္မင္းသား မင္းသမီးေတြ က အဓိက က်သလို ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြကလည္း အပါမျဖစ္တဲ့ အႏုပညာရွင္ေတြပဲ ျဖစ္ပါတယ္။ အေရးပါတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြထဲမွာမွ လမင္းကဗ်ာကေတာ့ ပရိသတ္ေတြ နဲ႔ ရင္းႏွီးၿပီးသားျဖစ္မွာ အေသအခ်ာပါ။ လမင္းကဗ်ာက ႐ုပ္ရွင္ ဇာတ္ကားအေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ေလ့ ရွိသူျဖစ္ၿပီး Photo shooting ေတြကို႐ိုက္ကူးေလ့ရွိတာကို ေတြ႕ရ ပါတယ္။

ဒါ့အျပင္ လမင္းကဗ်ာက ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကိုလည္း ဦးစီး လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ လက္ရွိ မွာေတာ့ လမင္းကဗ်ာက ျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္ေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြနဲ႔ စီးပြားေရး လုပ္ငန္းေတြကို ေခတၱရပ္နားထားၿပီး ျပည္သူေတြနဲ႔အတူ ပူးေပါင္းေနတာကို ေတြ႕ရပါတယ္။ သူမရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာကတဆင့္ လႈပ္ရွားမႈ ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြထံ ေဝမွ်ေလ့ရွိတာ ျဖစ္ပါတယ္။

ယေန႔မွာလည္း လမင္းကဗ်ာက ေနပူထဲမွာ အပင္ပန္းခံကာ ႏိုင္ငံအတြက္ ႀကိဳးစား ရပ္တည္ေနတဲ့ ျပည္သူေတြကို အလႉဒါနျပဳ လုပ္ေနတာပဲ ျဖစ္ပါတယ္။ အလႉျပဳေနတဲ့ ပုံေလးေတြအျပင္ “ဒီေန႔လွည္းတန္းမွာ တက္ႏိုင္သေလာက္ေလးလႉျဖစ္တယ္ လႉတဲ့သူေတြ မ်ားလိုက္တာ စတုဒီသာေကြၽးေနသလိုပဲ က်မ္းမာခ်မ္းသာၾကပါေစ လိုရာဆႏၵေတြလဲ အျမန္ဆုံးျပည့္ပါေစ🙏🏻” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားတာျဖစ္လို႔ ခ်စ္ပရိသတ္ေတြ ၾကည့္ရႈ႕ေစဖို႔အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Photo credit – Lamin Kabyar’s FB account

Leave a Reply

Your email address will not be published. Required fields are marked *